![]() |
||||||||||||||||||||||||||||||||||
|
“ ဤတကွေ့ ဝယ် ”
မြန်မာပြည်ကို မြတ်နိုးကြသူတိုင်း ခံစားကြရသည်။ မေလဆန်းတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း အောက်ဝယ်အပြစ်မဲ့တဲ့ ပြည်သူတွေကို တိရစ္ဆာန်တွေလို သေခဲ့ကြရသည်။ အာဏာရှိသူများမှ မုန်တိုင်းမကျမီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ မုန်တိုင်းဝင်ရောက်မည့်လမ်းကြောင်းမှ ပြည်သူများကို ဘေးလွတ်ရာရွေ့ ပြောင်းခြင်း၊ မုန်တိုင်းဝင်ရောက်စဉ်နှင့် ဝင်ရောက်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရက်နဲ့  လုံးဝဥပက္ခာပြုခဲ့တာ၊ အတိုက်အခံများမှလည်း အဆိုပါလုပ်ငန်းများ လုပ်ဆောင်သင့်ကြောင်း တောင်းဆိုမှုမပြုလုပ်ခဲ့တာတွေကို ရင်နာဖွယ်တွေ့ မြင်ခဲ့ရ ပါတယ်။ မြန်မာကမ်းလွန်ပြင်မှာ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ လာရောက်သူတွေကို လက်ခံကြိုဆိုခဲ့ပါသလား။ အာဏာရှိသူကရော၊ ပြည်တွင်း၊ ပြည်ပ အတိုက်အခံတွေကရော ဒုက္ခရောက်နေတဲ့ ပြည်သူတွေလို ကူညီဖို့ လာခဲ့ သူတွေကို ရဲရဲဝံဝံ ဖိတ်ခေါ်မှု မပြုခဲ့တာ ဘာကြောင့်လဲ ဆိုတာစဉ်းစား မရနိုင်ခဲ့ပါ။ န.ဝ.တ လက်တက်ကတည်းက အာဏာရအစိုးရရဲ့ တရွတ်တိုက်ဆွဲခေါ်ရာနောက်ကိုပဲ လိုက်ခဲ့ကြသည်။ Road Map (၇) ချက်ကို ပြတ်ပြတ် သားသား မတွန်းလှန်နိုင်ခဲ့ချေ။ ပြည်သူတို့ ၏ ယုံကြည်ကိုးစားခြင်းခံရသော ၈၈ မျိုးဆက်များကြတော့ ပြည်သူအပေါ်သစ္စာ စောင့်သိလွန်းပြီး ပြည်သူ အကျိုးလိုလည်းကောင်း၊ ဒုက္ခတွေကို ဝေမျှခံစားလွန်းသောကြောင့် အဖမ်းဆီးခံခဲ့ရသည်။ နောက်ကြောင်းပြန်သုံးသပ်ရသော် အမျိုးသားညီလာခံ အပြီးသတ်လိုသောကြောင့် လောင်စာဆီဈေးနှုန်းများ ရုတ်တရက်မြှင့်တင်ပေးခဲ့သည်ကို ၈၈ မျိုးဆက်များသိကြသည်။ အမျိုးသားညီလာခံ အပြီး သတ်ရန်နှင့် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပရန်အတွက် ၎င်းတို့ ကိုဟန့် တားနိုင်သော ၈၈ ဆက်မျိုးဆက်များရှင်းလင်းရန်အတွက် လောင်စာဆီ ဈေးနှုန်း တွေတက်စေခဲ့သည်။ ဒါကိုလည်း ၈၈ မျိုးဆက်ခေါင်းဆောင်တွေ သိပါသည်။ ဒါပေမယ့် ယာဉ်စီးခ အဆမတန်မြင့်မားခြင်း၊ ကုန်ဈေးနှုန်း တက်လာခြင်း တို့ ရဲ့ အကျိုးဆက် ပြည်သူတွေဒုက္ခရောက်နေ သည်ကို မခံစားနိုင်၍ ၈၈ မျိုးဆက်များမှ ပြည်သူဒုက္ခဝေမှုခံစားရေးတိုက်ပွဲ (သို့ ) အများကခေါ်ကြသည့် ရွှေဝါရောင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။ အဆိုပါ ရွှေဝါရောင်တော်လှန်ရေးတွင် ဘယ်သူတွေအကျိုးခံစားခဲ့ရပါသလဲ။ ၈၈ နေတင်မြင့်နဲ့  ရွှေဝါရောင် အောင်ဝေးတို့ အမေရိကန် ရောက်ခဲ့ သည်။ ပြည်တွင်းတွင် အဖမ်းခံပြီး နိုင်ငံရေးလုပ်ဖို့ ဖွဲ့ စည်းထားသော ၈၈ မျိုးဆက်အလံကို ကိုင်စွဲကာ အဖွဲ့ ဝင်တချို့ အမေရိကန်ထွက်ရန် ခြေလှမ်းပြင်ကြသည်။ ပြည်တွင်းမှ ၈၈ မျိုးဆက်ခေါင်းဆောင်တယောက် သူများမိန်းမနဲ့  နယ်စပ်ကိုတိမ်းရှောင်လာသည်။ ကျန်းမာရေး မကောင်းဟု ဆိုကာ အဆိုပါ မိန်းကလေးအား ကိုယ်ဖိရင်ဖိရင်ပြုစုကာ အမေရိကန်သွားရန် ကြိုးပမ်းကြသည်။ န.အ.ဖ မှလည်း အမျိုးသားညီလာခံကို အောင်မြင်စွာ အဆုံးသတ်နိုင်သည်။ ဆန္ဒခံယူပွဲကို ၉၂ ရာခိုင်နှုန်းဖြင့် အေးချမ်းစွာပြီးဆုံး နိုင်ခဲ့သည်။ အကယ်၍သာ ၈၈မျိုးဆက်များအဖမ်းမခံရလျှင် ထိုဆန္ဒခံယူပွဲသည် ၉၂ ရာခိုင်နှုန်း နှင့် အောင်မြင်စွာပြီးဆုံးရန် မလွယ်ကူပါ။ ၈၈ မျိုးဆက် ခေါင်းဆောင်များ အကျဉ်းထောင်ထဲတွင် မျက်စိကွယ်သူကွယ်၊ ခါရိုးကျိုးသူကကျိုး၊ ဒုက္ခတွေခံစားနေကြချိန်တွင် အထက်ပါ လုပ်ရပ်များသည် ရဲဘော်၊ ရဲဘက်များအပေါ် သစ္စာမဲ့ခြင်း၊ မိမိတို့ ၏ နိုင်ငံရေး ယုံကြည်ချက်ကို ဖောက်ပြန်သောလုပ်ရပ်များ ဖြစ်ပါသည်။ ပြည်သူတို့ နှင့်အတူ ၈၈ မျိုးဆက်ခေါင်းဆောင်များ ဒုက္ခဝေနေချိန်တွင် NLD သည် ဘာလုပ်နေသလဲ။ ဦးလွင်ပြောခဲ့ဘူးသော ကြေငြာချက် ထုတ်သောနိုင်ငံရေး(သို့ ) ကယ်ပါနိုင်ငံရေး လုပ်နေတာတွေ့ ရသည်။ ၈၈ အရေးတော်ပုံကြီး၏ အသက်သွေး၊ ချွေး ဖြင့် ရင်းနှီးခဲ့ရသော ၉၀ ရွေးကောက် ပွဲ ရလဒ်ကို NLD သည် ဘာကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါသလဲ။ ပြည်သူတို့ က ယုံကြည်အားကိုးစွာဖြင့် NLD ကို မဲပေးခဲ့သည်။ သာယာဝတီ ထောင်ထဲတွင် ကျဆုံးသွားသော ဟင်္သာတ ဗ.က.သ မှ ကိုညွှန့် ဇော်က ပြောခဲ့တာကို မျှဝေလိုက်ပါသည်။ “ ၉၀ ရွှေးကောက်ပွဲရလဒ်ဖြင့် ပြည်သူတို့ က မင်းမြှောက်တန်ဆာငါးပါးနှင့် ပလ္လင်ပေါ်တင်သည်ကို ဦးအောင်ရွှေက ခွက်ဆွဲပြီး အမျိုးသားညီလာခံထဲဝင်သွားတယ် ” လို့  ပြောခဲ့တာ အခုထက်ထိလဲ ကယ်ပါနိုင်ငံရေးပဲလုပ်နေတုန်းပဲဗျာလို့  ပြန်ပြောချင်ပါသည်။ အနှစ် ၂၀ ကာလအတွင်း ပါတီကို နိုင်ငံရေးဖြင့် ကျစ်လစ်အောင်တည်ဆောက်ခဲ့ပါသလား။ ပြည်သူများအတွက် ဒီမိုကရေစီအုတ်မြစ်ကို ခိုင်မာစွာတည်ဆောက်ခဲ့ပါသလား။ လွတ်လပ်ရေးရပြီး ဖ.ဆ.ပ.လ အဖွဲ့ ချုပ်သည် ဒီမိုကရေစီအုတ်မြစ် ခိုင်မာစွာမတည်ဆောက်နိုင်ခဲ့၍ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကြီးဆိုးခဲ့သည်ကို မမေ့သင့်ပေ။ NLD သည် ပြည်သူကို ဦးဆောင်ပြီး ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို နည်းဗျူဟာအဆင့်ဆင့်ဖြင့် အကောင်အထည်ဖေါ်သင့်ပေပြီ။ ပြည်တွင်း၊ ပြည်ပမှ အတိုက်အခံအင်အားစုများ အနေဖြင့်လည်း NLD ကို ၉၀ ရွေးကောက်ပွဲ ရလာဒ်အကောင်အတည် ဖေါ်ရန်တိုက်တွန်းသင့်ပြီ။ အစဉ်အလာကြီးမားသော ကျောပိုးအိတ်ပါတီက ပုဂ္ဂိုလ်သည် ၂၀၁၀ ရွှေးကောက်ပွဲဝင်ရန် စကားဦးသန်းနေသံကြားလာ ရသည်။ အာဏာရှင်စနစ်လိုလားသောသူများက အာဏာရှင်စနစ်တည်မြဲရေးအတွက် ၂၀၁၀ ရွှေးကောက်ပွဲဝင်ရန်ကျုံးသွင်းကြလိမ့်မည်ကို နားမယောင်ကြဖို့  လိုပါသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် န.အ.ဖ ဖွဲ့ စည်းပုံနှင့် န.အ.ဖ သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်သည်ကို မမေ့သင့်ပါ။ အချုပ်ဆိုရသော် NLD သည် အမျိုးသားသစ္စာဖောက်အဖြစ်နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်မည်လော။ ပြည်သူကို ဦးဆောင်ပြီး ၉၀ ရွှေးကောက်ပွဲ ရလာဒ်ကို နည်းဗျူဟာအဆင့်ဆင့်ဖြင့် အကောင်အထည်ဖေါ်မည်လောဆိုတာ NLD ရွေးချယ်ဖို့ အချိန်ကြနေပြီ ဖြစ်ပေသည်။
စိုးထက်ခိုင်
..............................................................................................
“ ယထာဘူတ အမြင် နှင့် နမ်ချွမ်စကီး ” ဦးဖိုးသာအောင် ဒုတိယပိုင်း ၁၉၆၂ ခုနှစ်မှစပြီး ယနေ့ အထိ စစ်အာဏာရှင်လက်အောက်မှ မြန်မာနိုင်ငံသည် မွဲပြာကျခဲ့ရပါပြီ။ လူထုကြီးမှာ ဆင်းရဲမွဲတေမှု့ နှင့် ပိချက်ပြားဘဝကို ရောက်ခဲ့ကြရပါတော့သည်။ ဒါဘာကြောင့်လည်း? အဖြေမှာရှင်းပါသည်။ မြန်မာပြည်မှာကွန်မြူနစ်ဝါဒအားကောင်းရှင်သန်ပြီး သူပုန်သူကန်တွေတွေ ပေါ်ပေါက်ခဲ့ပါသည်။ ဒါကို အရင်းရှင်နိုင်ငံများက မလိုလားပါ။ ဒါကြောင့် စစ်အာဏာရှင်ကိုအားပေးခဲ့၊ စစ်အာဏာရှင်ကတိုင်းပြည်နဲ့  လူထုကိုဖိနှိပ်၊ နှစ်ပေါင်း ၄၆ နှစ်အတွင်းမှာ မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးဖြစ်သွား။ ဒါပါပဲ။ ဤသို့ ဆိုလျှင် မြန်မာလူထုကြီးတရပ်လုံးဆင်းရဲမွဲတေသွားဖို့ အတွက် မတရားဖိနှိပ်တဲ့ စစ်အာဏာရှင်အစိုးရကို အမေရိကန်က ဘာကြောင့်ပံ့ပိုး ကူညီခဲ့ရတာလည်း၊ အဖြေကတော့ မြန်မာပြည်တွင် ကွန်မြူနစ် ပပျောက်ရေးသည်သာ အဓိကလို့  အမေရိကန်ကခံယူတာကြောင့် ဖြစ်သည်ဟုဆိုလျှင် လွန်မည်မဟုတ်ပါ။ ဒီနေရာမှာ အလျှင်းသင့်လို့  မြန်မာ့နိုင်ငံရေးလောကမှာ လူပြောများခဲ့တဲ့ စကားတခုရှိပါတယ်။ ဒါကတော့ အင်္ဂလိပ်က လွတ်လပ်ရေး ပေးရတော့မယ့် အခြေအနေမျိုးမှာ အင်္ဂလိပ်ဝန်ကြီးချုပ် ဝင်စတန်ချာချီက မြန်မာပြည်ဟာ ဒီမိုကရေစီနဲ့  ယဉ်ပါးအောင်လုပ်ရအုံးမယ်၊ အခုနေလွတ်လပ် ရေးယူလိုက်ရင် သူပုန်တွေထလာမှာပဲ လို့ ကြားရဘူးပါတယ်။ အဲဒီစကားကို အကြောင်းပြုပြီး မြန်မာပြည်ရဲ့ ပြည်တွင်းစစ်တရားခံသည် ဝင်စတန်ချာချီ လိုလို၊ အင်္ဂလိပ်လိုလိုဆိုကြပြန်ပါတယ်။ ဘယ်လိုပဲဆိုဆို၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကွန်မြူနစ်အားကောင်းပြီး ကွန်မြူနစ်နိုင်ငံဖြစ်သွားမည့် အလားအလာ ရှိသော နိုင်ငံများ၏ ပြည်တွင်းရေးမငြိမ်မသက်ဖြစ်အောင်လုပ်ရမည်မှာ အရင်းရှင်စနစ်ကျင့်သုံးသည့် နိုင်ငံကြီးများ၏ ပဋိသန္ဓေတာဝန်ပင် မဟုတ်ပါ လော။ ၁၉၉၀ ခုနှစ်အကျော်ကာလများသည် ကမ္ဘာနှင့် မြန်မာကွန်မြူနစ်များအတွက် ဠင်းတနားသည့်ကာလဟုပင် ဆိုရပါလိမ့်မည်။ ဆိုဗီယက်အင်ပါယာ ပြိုကွဲပြီး သမိုင်းနိဂုံးချုပ်ချိန်ဟုပင် ဆိုလာကြပါသည်။ မြန်မာ ဗ.က.ပ တွေလည်း ကစဥ့်ကလျားနှင့် လက်နက်ချသူတွေချ ဖြစ်ကုန်ပြီး လက်ကျန် ဗ.က.ပ လေးအနည်းငယ်သည် တရုတ်-ဗမာနယ်စပ်မှာ မထင်မရှားနဲ့ ယူဂျီအဖွဲ့ လေးလောက်သာ ဖြစ်ခဲ့ပါတော့သည်။ ကမ္ဘာ့စစ်အေးတိုက်ပွဲကြီးလည်း အဆုံး သတ်ချိန်ကို ရောက်ခဲ့ပါပြီ။ ကမ္ဘာ့အရင်းရှင်နိုင်ကြီးတွေအတွက် ဝါဒရေးရာအရ ရတက်အေးရမည့်ကာလထဲသို့ ဝင်ရောက်လာပါပြီ။ မည်သို့ ဆိုစေ မ.ဆ.လ တဖြစ်လဲ န.ဝ.တ၊ န.အ.ဖ စစ်အာဏာရှင်အစိုးရကတော့ သက်ဆိုးရှည်မြဲ၊ ကြီးပွားတိုးတက်မြဲ ဖြစ်နေပါသည်။ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ရှစ်လေးလုံးကာလနောက်ပိုင်း ဆိုဗီယက်ကြီးပြိုကွဲပြီး စစ်အေးတိုက်ပွဲကြီး အဆုံးသတ်သွားသော်လည်း မြန်မာစစ်အစိုးရကား နိဂုံးချုပ်ရန်မဆိုထားဘိ ပို၍ပင်အားကောင်းမောင်းသန်ဖြစ်နေပြန်ပါသည်။ ပါမောက္ခကြီး နမ်ချွမ်စကီး၏ သုံးသပ်ချက်ကတော့ အမေရိကန်၊ အင်္ဂလန်နှင့် အစ္စရေးတို့ က ပံ့ပိုးကူညီမှု့ တွေရှိနေခြင်းကို ထောက်ပြပြန်ပါသည်။ အမေရိကန်က စောစောပိုင်းက လက်နက်ရောင်းခဲ့တာ ယခုလည်း ရှယ်ဘရွန်ကုပ္မဏီကြီးက ရေနံလုပ်ငန်းဝင်လုပ်နေတာ၊ အင်္ဂလန်က ရင်းနှီးမြှပ်နုံမှု တွေကြီးကြီး မားမားရှိနေတာ၊ အစ္စရေးက စစ်လက်နက်ပစ္စည်းရောင်းချပေးနေတာ၊ ဒါတွေကို ထောက်ပြလိုက်ပါတယ်။ ပါမောက္ခကြီးရဲ့ ထောက်ပြချက်တွေသည် အားလုံးမှန်ပါတယ်။ သို့ သော် မြန်မာစစ်အစိုးရသည် တိုးတက်ကြီးထွား သက်ဇိုးရှည်နေရ သည့်အကြောင်းရင်းသည် ပါမောက္ခကြီး ထောက်ပြ ခဲ့တဲ့ အချက်ကြောင့်ပဲလားလို့ မေးခွန်းထုတ်ရင် လုံလောက်နေပြီဟု မဆိုနိုင်ပါ။ ဆိုရှယ်လစ်အရေခြုံ စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းသည် စစ်အေးတိုက်ပွဲကို ကောင်းကောင်းကြီးအသုံးချပြီး သူ့ ကိုယ်ကျိုး စီးပွားကို ထူထောင်နိုင်ခဲ့ပါတယ်။ တိုင်းပြည်၏ သယံဇာတတွေသာမက ရှေးဟောင်းအမွေအနှစ်အားလုံးကို သိမ်းပိုက်ပြီး စားရင်းမဲ့ ကမ္ဘာ့လူချမ်းသာကြီး ဖြစ်ခဲ့ပါတယ်။ သူမတရားပိုင်ဆိုင်ထားတဲ့ ရွှေ၊ ငွေ၊ ရတနာတွေကို ဘယ်ဘဏ်ကြီးတွေမှာ၊ ဘယ်နေရာမှာ ဘယ်နာမည်တွေနဲ့  ထားရစ်ခဲ့တယ်ဆိုတာကတော့ သူ့ မိသားစုနဲ့  လူယုံတော်တွေကလွဲပြီး အခြားမည်သူမှ မသိနိုင်ကြပါဘူး။ အဲဒီလို နိုင်ငံပိုင်ပစ္စည်းတွေကို ပြည်သူတွေ ပြန်လည်ရယူနိုင်ဖို့ ဆိုတဲ့ ကိစ္စတွေကိုလည်း ယနေ့  အရှေ့ -အနောက် ယဉ်ကျေးပါတယ်၊ ဒီမိုကရေစီ ရှိပါတယ်ဆိုတဲ့ အစိုးရလုပ်နေသူတွေလည်း ဖော်ထုတ်ဖို့  စိတ်ဝင်စားမှု့  မရှိကြ သေးပါ။ တကယ်တော့ ကမ္ဘာကြီး မယဉ်ကျေးသေးပါ။ ဗိုလ်နေဝင်းက စနစ်နှစ်ခုအကြားကောင်းကောင်း ကစားသွားနိုင်သလို သူ့ တပည့်နောက်တက် ဗိုလ်သန်းရွှေက သာပြီးလက်စွမ်းပြနေတာတွေ့ ရပါတယ်။ အသက် ခုနှစ်ဆယ်ကျော်အထိ ဘာဥပဒေကိုမှ ဂရုမစိုက်ဘဲ စစ်သေနာပတိချုပ်ကြီးလုပ်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ထားတယ်။ ပြည်သူကို ငြိမ်ဝပ်ပိပြားကပ်အောင်လည်း ဖိထားနိုင်တယ်။ လှေနံ နှစ်ဘက်နင်းလမ်းစဉ်ကို ကျင့်သုံးတယ်။ ဒါပေမယ့် ခိုင်ခိုင်မြဲမြဲရပ်နိုင်ဖို့ အတွက် အရှေ့ အုပ်စုဘက်ကို ဖိပြီးနင်းနေတယ်။ ဗိုလ်နေဝင်းကတော့ အနောက်အုပ်စုဘက်ကို ဖိနင်းပြီး လှလှပပကြီးကစားသွားတယ်။ ဗိုလ်သန်းရွှေကတော့ အာစီယံနဲ့  အိန္ဒိယတို့ ကိုပါ အကြိုက်ပေးပြီးစည်းရုံးထားနိုင်တယ်။ ဂျပန်လိုနိုင်ငံမျိုးတောင် မီးစဉ်ကြည့်ကနေရတယ်။ ဘာပဲဖြစ်ဖြစ် စစ်အုပ်စု ကြီးပွားရေး အဒွန့် ရှည်ရေး လုပ်တဲ့နေရာမှာ သူ တော်တာပဲ။ အရှေ့ - အနောက်အစိုးရကြီးများရဲ့ အားကောင်းချက်၊ အားနည်းချက်တွေကို ကောင်းကောင်းအသုံးချနိုင်တာ သေချာပါတယ်။ ဗိုလ်သန်းရွှေတို့ က ကုလသမဂ္ဂရဲ့ အကြောင်းကို နောကြေအောင်သိနေကြပါတယ်။ ဒါကြောင့်လုံးဝ ဂရုမစိုက်ပါဘူး။ ဗိုလ်စောမောင်က ကုလသမဂ္ဂကို သာရေး၊ နာရေးအသင်းလောက်ရှိတယ်လို့  ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အတိုက်အခံတွေက ကုလသမဂ္ဂကို အလွန်အကျူး အမွန်းတင်ခဲ့ကြတယ်။ ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေနဲ့  မြန်မာစစ်အစိုးရကို ဖြုတ်ချနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်အမှားတွေကို ပြည်သူတွေကို နှစ်ပေါင်း နှစ်ဆယ် လောက်ပေးခဲ့တယ်။ “ ဒါ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ မှိုင်းတိုက်မှု့ ကြီးအဖြစ် နောင်တချိန်မှာ မှတ်တမ်းဝင်သွားပါ လိမ့်မယ်။ ” ပြည်တွင်း ပြည်ပမြန်မာအတိုက် အခံတွေရဲ့ ဒီမိုကရေစီရရှိရေးနည်းလမ်းဆိုသည်မှာ လမ်းဆုံးနေသလို ပြည်တွင်းမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ပြည်သူတွေ ကိုယ်တိုင်အစိုးရကို ဖြုတ်ချပါဆိုတာပဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့ အစည်း များ၏ မူဝါဒသည် မြန်မာပြည်တွင့်း ရေး ကို မိမိတို့ အချင်းချင်းသာ တွေ့ ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာမည်။ မည်သည့်နိုင်ငံက မဆိုပါဝင် ပါတ်သက်မှု့ ကို လက်မခံပါဆိုတာသာဖြစ်ပါတယ်။ ဒီအခြေခံမူပေါ်မှာ စစ်အစိုးရကလည်းရပ်တည်သည်။ မည်သည့်နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံဆိုသည့် အချက်၌ စစ်အစိုးရနှင့် အတိုက်အခံတို့ တထပ်တည်းကျသည့် သဘောထားပင်ဖြစ်နေပါသည်။ ဗ.က.ပ ကတော့ ဒီပဲရင်းအရေးအခင်းကိစ္စ ကာလက ကြေငြာချက်ထုတ်ဖူးပါသည်။ အမေရိကန်တပ်ကြီးဝင်လာလျှင် န.အ.ဖ တပ်နှင့် ပေါင်းပြီး ပြည်ချစ်စစ်ပွဲကြီး ဆင်နွဲမည်တဲ့။ ဒါကြောင့် ဗ.က.ပ အနေနှင့် အနောက်အုပ်စုကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ဆိုတာ ထင်ရှားနေပါသည်။ န.အ.ဖ ကတော့ ပြည်တွင်းရေးကို မည်သူမျှ မစွက်ဖက်ရေးမူကို အမြဲအော်နေခြင်းသည် အနောက်အုပ်စုကိုသာ ရည်ရွယ်ပြောဆိုနေခြင်းဖြစ်ပါသည်။ သူ့ အာဏာတည်မြဲရေးအတွက် တရုတ်နှင့် ရုရှ ရဲ့ စွက်ဖက်မှု့ ကိုတော့ လက်ခံဆောင်ရွက် နေပါသည်။ ထို့ ကြောင့် အတိုက်အခံတို့ ၏ ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းရေးမူသည် တရုတ်၊ ရုရှား၏ ပံ့ပိုးကူညီစွက်ဖက်မှု့ ကို ခံယူလျှက်ရှိတဲ့ န.အ.ဖ စစ်အစိုးရကို ဘယ်နည်းနဲမှ နိုင်အောင်တော်လှန်နိုင်မည် မဟုတ်သလို န.အ.ဖ က ဖောက်လုပ်ထားတဲ့ Road Map ခေါ်လမ်း ခုနှစ်သွယ်ပေါ်မှာပဲ လျှောက်လှမ်းနေကြသလို ဖြစ်နေပါတော့သည်။ ဒီအချက်တွေသည် စစ်အစိုးရသက်ဆိုးရှည်ရေး၏ အခြေခံကျတဲ့ အချက်တွေပဲဖြစ်နေပါသည်။ နမ်ချွမ်စကီးပြောတဲ့ အနောက်အုပ်စုရဲ့ ပံ့ပိုးမှု ဆိုတာကတော့ အပေါ်ယံ အချက်အလက်လောက်ပဲ ဖြစ်ပါသည်။ မြန်မာပြည်မှာလူထုအုံကြွမှုအောင်မြင်ခဲ့လျှင် တရုတ်ပြည်က သီးခံနိုင်တယ်။ ကြိုဆိုတာတောင်ဖြစ်နိုင်ပါတယ်လို့  ပါမောက္ခကြီးက ပြောပါတယ်။ ဟုတ်ပါတယ်။ လူထုအုံကြွမှု့  အောင်မြင်ပြီး အစိုးရသစ်တခု ဖော်ဆောင်နိုင်လျှင်တော့ တရုတ်က အဆင်ပြေအောင်ကြည့်ပေါင်းမှာပါ။ ဒါပေမယ့် လူထုအုံကြွမှု တွေဖြစ်မလာအောင်၊ ဖြစ်လာလျှင်လည်း မအောင်မြင်အောင်ဖိနှိပ်တဲ့ န.အ.ဖ ကို အင်တိုက်အားတိုက် ကူညီမှာကိုတော့ သံသယ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်သူလူထုအတွက် ဘယ်လိုများဖြေရှင်းလို့ ရနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ ပါမောက္ခကြီးက တပ်တွင်းက အမျှော်အမြင်ရှိတဲ့ အရာရှိတွေ ပေါ်ပေါက်ပြီး ကြိုးစားမှု့ တွေ ဖြစ်လာလျှင် မျှော့်လင့်ဖွယ်ရှိကြောင်း၊ လက်နက်ကိုင်သူပုန်ကန်တာလည်း တရားပါတယ်။ ဒါပေမယ့် နိုင်အောင် တိုက်နိုင်မှ ဖြစ်နိုင်ကြောင်း၊ အနုနည်းနဲ့ တိုက်ပွဲများသည် ဖိနှိပ်သူရဲ့ ဂုဏ်ရည်နဲ့  လူစိတ်ရှိမှု့  အပေါ်မှာ ကြည့်ပြီးလုပ်ရတာသာဖြစ်ကြောင်း အများအား ဖြင့် အလုပ်ဖြစ်လေ့ မရှိကြောင်း ပါမောက္ခကြီးက ပြောကြားခဲ့ပါတယ်။ ပါမောက္ခကြီး နမ်ချွမ်စကီး၏ အင်တာဗျူးနှင့် ပါတ်သက်ပြီး မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ကိစ္စ၊ စစ်အစိုးရပေါ်လာရခြင်းနှင့် သက်ဇိုးရှည် နေရခြင်းအကြောင်းများကို ယထာဘူတ အမြင်သာမက သဘာဝတ္ထအမြင်များနှင့် တင်ပြလိုက်ခြင်းဖြစ်ပါကြောင်း။
............................................................................................................
“ ယထာဘူတ အမြင် နှင့် နမ်ချွမ်စကီး ” ဦးဖိုးသာအောင် ပထမပိုင်း ပုထုဇဉ်တို့ ရဲ့ ယထာဘူတအမြင်ကိုသာတင်ပြလိုပါတယ်။ အဖြစ်အပျက်တွေကို အရှိအတိုင်းမြင်အောင်ကြည့်နိုင်တဲ့ အမြင်ကို ယထာဘူတအမြင် ပါပဲလို့ ယူဆပါတယ်။ ဒါကြောင့် ပုထုဇဉ်တို့ ရဲ့ ယထာဘူတအမြင်ဆိုတာ(ပေါက်ပင်တချိန်တွေ့ ၊ နွားနောက် တပိုင်းမြင်) ဆိုတဲ့ အမြင်မျိုးပါ။ ပေါက်ပင်ကို မိုးဦးကျအချိန်မှာ အရွက်တွေ စိမ်းနေလို့  အစိမ်းရောင်ပင်လို့  မြင်နိုင်ပါတယ်။ နွေဦးပေါက်ချိန်မှာတော့ အနီရောင်အပွင့်တွေ လှိုင်လှိုင်ပွင့်နေလို့  အနီရောင်ပင်လို့  ပြောကြပြန်ပါတယ်။ သူ့ အချိန်နဲ့ သူ၊ သူ့ အမြင်နဲ့ သူ တိုက်ဆိုင်မှုများပင်ဖြစ်ပါတယ်။ တစုံလုံး အမှန်တရားမဟုတ်ပါ။ ယနေ့  ပညာရှင်များ၊ ပါမောက္ခဆိုသူများ၏ အမြင်များသည် အများအားဖြင့် ယထာဘူတ အမြင်များအပေါ်အခြေခံပြီး ပြောဆိုထုတ်ပြန်လေ့ ရှိကြပါတယ်။ ကျွန်တော် မကြာခင်ကကြားလိုက်မိတဲ့ ပါမောက္ခတဦး၏ အမြင်ကိုတင်ပြလိုပါသည်။ ထိုပါမောက္ခကြီးမှာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်ပါမောက္ခ Mr. Noam Chomsky ဖြစ်ပြီး အသက်ခုနှစ်ဆယ်ကျော်အရွယ် ရှိပါပြီ။ ထင်ရှားသည့် မှတ်တမ်းဝင် ပညာရှင်တရာမှာ နံပါတ်တစ်ကနေရာပေးခြင်းခံရသူလည်းဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ က ဘန်ကောက်ပို့ စ်သတင်းစာကြီးနဲ့  ထိုပုဂ္ဂိုလ်ကြီးတို့  အင်တာဗျူးခဲ့ကြပါသည်။ မြန်မာနိုင်ငံအကြောင်းများလည်း ပါဝင်ပါသည်။ ၎င်းအထဲမှ ဆရာကြီးနမ်ချွမ်စကီး၏ အမြင်များကို ကျွန်တော်တို့ သိရှိ ခွင့် ရခဲ့ကြပါသည်။ ဘန်ကောက်ပို့ စ်မှ တိုက်ရိုက်ဖက်ရှုရခြင်း မဟုတ်ပါ။ ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှလည်းကောင်း၊ ဗွီအိုအေ ရေဒီယိုမှ လည်းကောင်း ကြားသိဖတ်ရှုရခြင်းဖြစ်ပါသည်။ ဆရာကြီး နမ်ချွမ်စကီး၏ အမြင်များထဲမှ ကျွန်တော်စိတ်ဝင်စားမိတာက ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့ ကိစ္စမှာ အမေရိကန်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ ဒီအချက်သည်လည်း ကျွန်တော်တို့  နိုင်ငံရေး စိတ်ဝင်စားသူတွေအနေနဲ့  လက်ခံနိုင်ကြ ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုလား ကျိုတိုလား တော့မမှတ်မိတော့ပါ။ အဲဒီမှာ ကမ္ဘာ့ဘဏ်ကနေပြီး အာဏာသိမ်းတော်လှန်ရေး ကောင်စီအစိုးရကို ဒေါ်လာ တစ်ဘီလီယံချေးခဲ့တာလည်း မှတ်သားမိခဲ့ဘူးပါတယ်။ အနောက်ဂျာမဏီက ဂျီသရီးသေနတ်စက်ရုံက ထုတ်လုပ်ပေးမှု့ ကိစ္စ။ အစ္စရေးက စစ်သင်တန်းနဲ့ နည်းပညာ၊ ထောက်လှမ်းရေးပညာတွေ သင်ပေးတဲ့ ကိစ္စတွေသည် အမေရိကန်ရဲ့ လက်ရာနဲ့  မကင်းကြပါဘူး။ ဒါကြောင့် မြန်မာပြည်မှာ စစ်အစိုးရ တရပ် ပေါ်ပေါက်လာခြင်းသည် အမေရိကန်ရဲ့ အခန်းကဏ္ဍပါတယ်ဆိုတာ ယုတ္တိရှိလှပါတယ်။ ဒီလို စစ်အာဏာရှင်အစိုးရပေါ်ပေါက်လာရခြင်းရဲ့ ဇစ်မြစ် ကိုလည်း ဆရာကြီးနမ်ချွမ်စကီးကကောက်ကြောင်းပေး ပြောဆိုလိုက်ပါသေးတယ်။ ဒါကတော့ ၁၉၅၀ ခုနှစ်လောက်က အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါလက်ထက်မှာ အမေရိကန်က အာရှနိုင်ငံတွေကို စစ်အေးတိုက်ပွဲထဲဆွဲ သွင်းနေတယ်။ အဲဒီအချိန်မှာ အမေရိကန်က အကြမ်းဖက်လုပ်ရပ်၊ အစိုးရဖြုတ်ချရေး လုပ်ရပ်တွေကို ခြေလှမ်းကျယ်ကျယ် လုပ်ကိုင်လာခဲ့တယ်။ အဲဒီ အထဲက အစိတ်အပိုင်းတခု အဖြစ်တရုတ်ဖြူတပ်တွေကို အမေရိကန်က မြန်မာနိုင်ငံထဲသွင်းလာခဲ့တယ်။ တရုတ်နီ ကွန်မြူနစ်အစိုးရကို စစ်ဆင်ရေး တရပ်နဲ့ ခြိမ်းခြောက်ဖို့ ပေါ့။ အဲဒီ တရုတ်ဖြူတပ်တွေက မြောက်ပိုင်းနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားသောင်းကြမ်းသူတွေကို လက်နက်တွေပေးခဲ့တယ်။ အဲဒီလို ဆူပူမှုတွေဖြစ်တဲ့ဒေသမှာ တိုင်းရင်းသားတွေကို လက်နက်တွေပေးပြီး သူပုန်ဖြစ်စေခဲ့တယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ အာဏာဟာ စစ်တပ်ဖက်ကို တိမ်းညွတ်သွားပြီး ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့  ပါမောက္ခကြီးက ကောက်ချက်ဆွဲဖော်ပြထားတာတွေ့ ရပါတယ်။ ပါမောက္ခကြီးရဲ့ အမြင်သည် ယထာဘူတကျသည့်အမြင် ဖြစ်ပါတယ်။ သို့ သော် ယထာဘူတကျတဲ့ ပညာရှင်တို့ ရဲ့ အမြင်သည် သမိုင်းရဲ့ အစိတ်အပိုင်း တစုအဖြစ် မှန်ကောင်းမှန်နိုင်ပါတယ်။ သမိုင်းတခုလုံးကို ကုယ်စားပြုသုံးသပ်နိုင်တဲ့ အမြင်မျိုးတော့ မဟုတ်ပါဘူး။ အမေရိကန်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အာရှနိုင်ငံများကို စစ်အေးတိုက်ပွဲအတွင်းဆွဲသွင်းလာတယ်ဆိုတဲ့ အချက်ဟာ မှန်ပါတယ်။ အထူး သဖြင့် ပထဝီနိုင်ငံရေးအရ မြန်မာပြည်လို နိုင်ငံမျိုးသည် အရေးကြီးတဲ့ အထဲမှာပါနေပါတယ်။ သို့ သော် အဲဒါကြောင့် မြန်မာပြည်ထဲကို တရုတ်ဖြူ တပ် တွေသ | |||||||||||||||||||||||||||||||||