![]() |
||||||||||||||||||||||||||||||||||
|
သစ်ပင်များကြောင့် တောပျောက်သွားသည်ညီညီထွေးခေါင်းဆောင်ကောင်းများ ရှားပါးနေခြင်းသည် ပြည်သူလူထုနှစ်ပေါင်း ရှည်ကြာစွာ လိုလားတောင့်တနေတဲ့ စစ်မှန်သောဒီမိုကရေစီစနစ်ဆီသို့  ခေါ်ဆောင်သွားမည့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို မဖန်တီးနိုင်သည့် အကြောင်းရင်းတခုအဖြစ် အားမလိုအားမရ ထောက်ပြပြောဆိုသံများ အခုတလောကြားလာနေရသည်။ ရှေ့  မတိုး နောက်မဆုတ်သာ အခြေအနေတရပ်အပေါ် လူ့ သဘာဝရဲ့  ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားချက်များ ပေါက် ကွဲထွက်လာခြင်းလို့  ယေဘုယျအားဖြင့် သတ်မှတ်လို့  ရပေမဲ့ လက်တွေ့ အားဖြင့် အားနည်းချက်ပေါင်းများစွာ ပြည့်နှက်နေသောကြောင့် စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်နေရတာကတော့ အငြင်းပွါးစရာ လိုမယ်မထင်ပါ။ ဒီနေရာမှာ ဖြည့်စွက်ပြီး ပြောချင်တာကတော့ ရှင်းလင်း ပြတ် သားသည့် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စံ ကိုယ်ပိုင်လမ်းကြောင်းနဲ့ ကိုယ်ပိုင်နိုင်ငံရေးရပ်တည်ချက်ရှိမနေခြင်း သို့  မဟုတ် နိုင်ငံရေးအမြင် (political vision) ကင်းမဲ့ နေခြင်း နှင့် ဟန်ချက်ညီညီ စုပေါင်းလုပ်ဆောင်မှု (collective activities) များကို မဖော်ဆောင်နိုင်ခြင်းက စစ်စနစ် ဆိုးအမြစ်တွယ်ဖို့  လမ်းကောင်း ခင်းပေးနေသလိုဖြစ်နေသည်။ ပြည်သူလူထုကရွေးကောက်တင်မြှောက်ပေးလိုက်သောပြည်သူ့ တရားဝင်အာဏာရ အတိုက်အခံများ၏ ဦးဆောင် ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်၏ အဓိကနိုင်ငံရေးလမ်းစဉ် သို့မဟုတ် အန္တိမနိုင်ငံရေး မျှော်မှန်းချက်သည် အမျိုးသား ရင်ကြားစေ့ရေး ဖြစ်သည်။ ဒီနိုင်ငံရေး အမြင်ကို ယေဘုယျအားဖြင့် ကြည့် ရင်တော့ ပြောစရာ မလိုတော့ လောက်အောင် သင့်လျော်ကောင်းမွန်နေပေမဲ့ တော်လှန်ရေး တရပ် သို့ မဟုတ် စနစ်ကြီးတခုအား ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သွားနိုင် လောက်တဲ့ စူးရှထူးခြားပြီး ပြည်သူလူထုက တခဲနက် နောက်ကလိုက်နိုင်တဲ့ အနာဂတ် အမြင်မျိုးမဟုတ်သည့်အတွက် နိုင်ငံရေး အပြောင်းအလဲကို မဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကုန်လွန်ခဲ့လေပြီဖြစ်သော နှစ်ပေါင်း (၂၀) က သက်သေ ခံပြ နေသည်။ အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ ဆုံ ဆွေးနွေးရေးကို ပွင့်ပွင့်လင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုပေးရလျှင် နိုင်ငံရေးအာဏာအား ဝေစုခွဲလိုခြင်း ဖြစ်ပြီး စနစ်ကြီး နှစ်ခုအား ရင်ကြားစေ့ရန်ကြိုးစားခြင်းလည်းဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ သီအိုရီ များအရ စနစ်ကြီးနှစ်ခုဖြစ်သည့် ဒီမိုကရေစီနှင့် စစ်စနစ်သည် အခြေခံအားဖြင့်ကို ရင်ကြားစေ့၍ မရနိုင်ပါ။ (The two systems of military and democracy are fundamentally irreconcilable.) ထို့ ကြောင့် လုံးဝဆန့် ကျင်ဘက် နိုင်ငံရေးစနစ် နှစ်ခုအား အတင်းကြီးပေါင်းစည်းဖို့ ကြိုးစားနေသလိုဖြစ်နေပြီး တဘက်တွင် တွေ့  ဆုံဆွေးနွေးဖို့  ကမ်းလှမ်းနေခြင်းသည် နိုင်ငံရေးအရ လက်မြှောက်အရှုံးပေးပြီး ဒူးထောက် အညံခံသော ချဉ်းကပ်မှုတခုလည်း ဖြစ်သည်။ တခုထူးဆန်းနေသည်မှာ နအဖစစ်အုပ်စုက ၀ါဒဖြန့် ချီနေသော နိုင်ငံရေး ဦးတည်ချက် (၄) ရပ်တွင် ဒုတိယဦးတည်ချက်သည် အမျိုး သားပြန်လည် စည်းလုံး ညီညွတ်ရေး ပင်ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးနှင့်အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးသည် အဓိပ္ပါယ် ထပ်တူကျကြောင်းကိုတော့ ပြောစရာလိုမယ် မထင်ပါ။ သို့ သော် ဦးတည်ချက်တူညီနေပါလျှက် အဘယ်ကြောင့် တွေ့ ဆုံဆွေးနွေးရေး မအောင်မြင် ရပါသနည်း။ ဒီမေးခွန်းအတွက် အဖြေက နအဖစစ်အုပ်စုက သူတို့  ရရှိထားသော နိုင်ငံရေးအာဏာကို တစက်ကလေးမှ အပွန်းပဲ့မခံလိုသောကြောင့် ဖြစ်သည်ဟု ကောက်ချက်ချနိုင်ပေမဲ့ နိုင်ငံရေးဆိုင်ရာရှုထောင့်က သုံးသပ်ရင်တော့ အခြားသောထင်မြင်ချက်တခု ထွက်ပေါ်လာနိုင်သည်ဟု ပြောရ ပါမည်။ ပြောရလျှင် နိုင်ငံရေးသည် လူထုတရပ်လုံးနှင့် သက်ဆိုင်သည်။ အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ်နဲ့  နအဖစစ်အုပ်စုတို့  တွေ့ ဆုံ ဆွေးနွေးပြီး ညွန့်  ပေါင်းအစိုးရဖွဲ့ ကာ နိုင်ငံရေးအပြောင်းအလဲ လုပ်နိုင်ခဲ့သည့်တိုင်အောင် ပြည်သူလူထု၏ မူလနိုင်ငံရေး ဆန္ဒအား အပြည့်အ၀ ဖြည့် ဆည်းပေးနိုင်လိမ့်မယ် မထင်ပါ။ ပြည်သူလူထုနဲ့ လူ့ အဖွဲ့  အစည်းကြီးတခုလုံး လိုလားတောင့်တနေတာက ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြစ်ပြီး အစိုးရ အပြောင်းအလဲ မဟုတ်သောကြောင့်ဖြစ်သည်။ တကယ်တမ်းတွင်လည်း ကမ္ဘာ့နိုင်ငံရေးသမိုင်းဖြစ်ရပ်များက ညွှန်ပြနေတာကတော့ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချူပ်ငြိမ်းမှသာ ဒီမိုကရေစီစနစ်အား ထူထောင် ကျင့်သုံးနိုင်ခြင်း ပင်ဖြစ်သည်။ အတွေးအခေါ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်ခြင်း သို့ မ ဟုတ်လူထုတရပ်လုံးပါအောင် စည်းရုံးခေါ်ဆောင်သွားနိုင်သော လူထု၏ယုံကြည်ခံစားမှုနဲ့ တသားတည်း ထပ်တူကျသည့် နိုင်ငံရေးမဟာ ဗျူဟာအား မကျင့်သုံးနိုင်ခဲ့ခြင်းသည် နိုင်ငံရေး ပြဿနာအား မဖြေရှင်းနိုင်ကြခြင်း သို့ မဟုတ် နအဖစစ်အုပ်စု အား အလဲ မထိုး နိုင်ခြင်း ဟုပြော ရပေမည်။ သို့ သော် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြစ်ပေါ် စေခဲ့သော အဓိကလက်သည် တရားခံသည် မဟာဗမာလူမျိုးကြီးးဝါဒ သို့  မဟုတ် နအဖ စစ်အုပ်စုကတရားဝင် ကြွေးကြော်နေသော သိပ္ပံနည်းကျ အမျိုးသားရေးဝါဒ ပင်ဖြစ်သည်။ ထို့ ကြောင့် ဗမာအမျိုးသားရေးစစ်ဝါဒဥခွံထဲက ရုန်းမထွက်နိုင်သရွေ့ တော့ မြန်မာနိုင်ငံ၌ ဒီမိုကရေစနစ် ထွန်းကားဖို့  ခက်ခဲနေပေလိမ့်မည်။ နှစ် (၂၀) ကာလအတွင်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်၏ ဇာတ်ကွက်များကို ခြုံငုံသုံးသပ် ဝေဖန်ရလျှင် သစ်ပင်များကြောင့် တောပျောက်သွားသည် ဟုပြောရမည် ထင်သည်။ ဆိုလိုသည်မှာ သစ်တပင်ချင်းအား လိုက်ကြည့်နေလျှင် တောကြီးတခုလုံးအား မြင်နိုင် တော့မည် မဟုတ်ပေ။ စီးပွါးရေး ပိတ်ဆို့ ဒဏ်ခတ်မှု၊ ကုလသမဂ္ဂမှကြားဝင် ဆောင်ရွက်ပေးမှု၊ အန်အယ်လ်ဒီပါတီ၏တွေ့  ဆုံဆွေးနွေးရေးတောင်းဆိုမှု စသည့် ထိုအရာများကို သစ်ပင်များအဖြစ် ပုံနှိုင်းပြီး ပြောရပေမည်။ ထို တခုချင်းအား ပုံအော အားကိုးပြီး လိုက်ကြည့်နေမိသောကြောင့် ဒီမိုကရေစီတော်လှန်ရေး တောအုပ်ကြီး ပျောက်ရှသွားခဲ့ရသည်။ သို့ သော် နအဖစစ်အုပ်စုကစိတ်ကြိုက်ရေးဆွဲထားသော ဥပဒေအား အတင်း အဓမ္မအတည်ပြုပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲလွန်ခေတ်တွင် မြန်မာ့နိုင်ငံရေးအခင်း အကျင်းသည် အအုပ်ချူပ်ခံပြည်သူလူထုတရပ်လုံးကတဘက် စစ်ဝါဒီလူတစုက တဘက် ဖြစ်နေပေလိမ့်မည်။ ထို အခြေ အနေသည် ရှစ်ဆယ့်ရှစ်လူထု အရေးတော် ပုံကြီးမတိုင်မှီကာလနှင့် ဆင်တူနေမှာ ဖြစ်ပြီ်း လူထုတရပ်လုံးက မဆလပါတီအား နိဂုံးချူပ်ဇာတ်သိမ်း ပေးနိုင်ခဲ့ကြသလိုမျိုးဒီမိုကရေစီတော်လှန်ရေးအောင်မြင်ဖို့  အခွင့် အခါကောင်းများက လှမ်းကြိုနေပေလိမ့်မည်။ ထိုကာလတွင်ယခုရှိနေသောနိုင်ငံရေး ပါတီအဖွဲ့  စည်းများသည် ပြောင်း သို့ မဟုတ်လျှင် အပြောင်းခံရမည် (change or to be changed) ဆိုတဲ့ နိယာမအောက်တွင် ပျောက်ကွယ်သွားနိုင်ပြီး လူထုနဲ့  တသားတည်း ဖြစ်သွားပေလိမ့်မည်။ ဒါပေမဲ့ အရင်လိုပဲ ထုတ်ပြန်ကြေငြာချက် များထုတ်ပြီး ထိုင်နေတတ်ရုံနဲ့ တော့ နိုင်ငံရေးအခင်းအကျင်း သစ်တွင် ဒီမိုကရေစီခေါင်းဆောင် များဖြစ်လာနိုင်မယ် မထင်မိတော့ပါ။ စစ်အုပ်စုကတော့ အာဏာဆွဲဆန့်ရေးအိပ်မက်နဲ့ သူတို့ ရဲ့ ဗီဇအတိုင်း ပုံစံအမျိုးမျိုးပြောင်းလိမ်ပြီး တိုင်းပြည်ကို ဖျက်ဆီးမြဲ ဖျက်ဆီးနေမှာ ကတော့ ယုံမှား သံသယဖြစ်စရာ မလိုပါ။ ဒါပေမဲ့  အသိဥာဏ်အရ တရားမျှတမှုအရ တန်းတူညီမှုအရ အပြန်အလှန် ယုံကြည်မှုများအရ သာ လွတ် လပ်ငြိမ်းချမ်းတဲ့လူ့ အဖွဲ့ အစည်းတခုကို ထူထောင်နိုင်မှာ ဖြစ်ပြီး လူတဦးတယောက်သို့ မဟုတ်လူတစုရဲ့  လောဘရမက်အတ္တအကျိုး စီးပွါး များကို သာ ကျားကန်ပေးသော ဘယ်နိုင်ငံရေးစနစ်ယန္တရားကိုမဆို ဖြိုလဲဖျက်ချ ပစ် နိုင်ခဲ့ကြခြင်းသည်လူ့ သမိုင်း၏ခေတ်တိုင်းတွင်သစ်လွင်မြဲဖြစ်သော တော်လှန် ရေး အမှန်တရား နှင့် လူထုအောင်ပွဲများပင် ဖြစ်ကြောင်းပြောချင်သည်။
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||