မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

 လူထုမညံ့ပါ

                                                                                                                ဦးဖိုးသာအောင်

                 ၂၀၀၈ခုသြဂုတ်လ (၈)ရက်နေ့ဆိုလျှင် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီး အနှစ်နှစ်ဆယ် ပင်ပြည့်ပါတော့မည်။ ဘယ်လောက်ပင် ကြာညောင်းပါစေ ကျွန်တော်တို့အဖို့တော့ မနေ့ တနေ့ကလိုပင် အောင်းမေ့နေပါတယ်။ လူပေါင်းထောင် နဲ့ချီပြီးသေခဲ့ကြ၊ ထောင်နဲ့ချီပြီး ထောင်ကျ ခဲ့ကြနဲ့ ဘ၀ပေါင်းများစွာ ပျက်စီးခဲ့၊ ပေးဆပ်ခဲ့ကြပြီးပါပြီ။ အတိုက်အခံခေါင်းဆောင် များစွာလည်း ကျဆုံးသူကျဆုံး၊ ထောင်ကျသူကျနဲ့  တိုင်းပြည်၏ သားကောင်း ရတနာများ များစွာနစ်နာဆုံးရှုံးခဲ့ကြပါတယ်။ သို့ သော်လူထုကြီးတရပ်လုံးရဲ့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆို တာ ယနေ့ ထက်တိုင် မရရှိ ကြသေးပါ၊ လူထုရဲ့ဘ၀ တွေကတော့ ပိုလို့ ပင်ဆိုးနေပါတယ်။

               ပြည်တွင်းရောပြည်ပမှာပါ။ အတိုက်အခံအဖွဲ့ အစည်းများက မလျှော့သောဇွဲလုံ့လနှင့် ဆက်လက်ပြီး တိုက်ပွဲဝင် ဆန့်ကျင်နေကြဆဲပါ။ ဒီမိုကရေစီရရှိရေး အတွေးအခေါ်မျိုးစုံ၊ နည်းလမ်း မျိုးစုံနှင့်လည်းကြိုးပမ်း ဆောင်ရွက်နေကြဆဲပါ၊ အနှစ်နှစ်ဆယ်အတွင်း  ပြည်တွင်းမှာတော့ အတိုက်အခံ အဖွဲ့အစည်းကြီးအဖြစ် ကြံ့ကြံ့ခိုင်ခိုင် ဇွဲရှိရှိ အနစ်နာခံခြင်းမျိုးစုံနဲ့  အမျိုးသား ဒီမိုကရေစ်ီအဖွဲ့ ချုပ်ကြီးဟာ မားမားမတ်မတ် ရပ်တည် နေသလို၊ လက်နက် ကိုင်တော်လှန် ရေးကို ဆင်နွှဲ နေကြတဲ့ တိုင်းရင်းသားအဖွဲ့  အစည်းတွေနဲ့ ကျောင်းသား တပ်မတော်ဆိုတာ လည်းရှိနေပါတယ်။ ပြည်ပမှာလည်း အဝေး ရောက် စင်ပြိုင်အစိုးရ နှင့် နိုင်ငံတကာမှာ အတိုက်အခံ အဖွဲ့ အစည်းအမျိုးမျိုး တည်ထောင်ပြီး လှုပ်ရှားနေကြပါတယ်။ ဒါတွေဟာ ဟိုး ယခင်ရှစ်လေးလုံးကာလနှင့်စာလျှင် အများကြီးတိုးတက်ဖြစ်ထွန်းမှု တွေလို့ ဆိုနိုင်ပါတယ်။ 

ယနေ့  အတိုက်အခံအဖွဲ့ အစည်းများ၏ နောက်ဆုံးတိုက်ပွဲပုံစံမှာ လူထုနည်းနှင့်တိုက်ရေး ဆိုတာကို အဓိကတိုက်ပွဲ ပုံသဏ္ဍာန်အဖြစ် လမ်းညွန်ပေး နေသည်ကို တွေ့ ရပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို သစ္စာ ဖောက်လို့ စွပ်စွဲသူကစွပ်စွဲ လိုက် ပြီးနောက် ကုလသမဂ္ဂရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင်ဲပြုလုပ်လိုက် သလိုဖြစ်နေပြီး ကိုယ့်အရေးကိုယ်ရှင်းရေးမူက ထိပ်တန်းကိုတက် လာပြန် ပါ တယ်။ ယခုပြု လုပ်ရမည့် လူထုတိုက်ပွဲပုံသဏ္ဍာန်မှာ န.အ.ဖ က ချပြမည့်ဖွဲ့ စည်းပုံအခြေခံ ဥပဒေဆိုတာ ကို ကန့်ကွက်မဲပေးပြီး ဆန့်ကျင်ကြောင်းပြ သဖို့ ပဲဖြစ်ပါတယ်။  

     ဒီနေရာမှာ ကျွန်တော့အတွေ့ အကြုံနဲ့အတူ ဒီလိုတွေးကြည့်မိပါတယ်။ လူထုအုံကြွမှု့ ဖြစ်ပေါ် လာသည်ဆိုသည်မှာ အဓိကအကြောင်းသည် အုံကြွ ရလောက်အောင် ဖိနှိပ်မှု၊ မတရားမှု့ များ များပြားပြင်းထန်လာခြင်းကြောင့် ဖြစ်ရပါသည်။ သို့သော် လူထုအုံကြွမှု့  ဖြစ်ပေါ်လာ နိုင်မည့် အခြေအနေ ကိုစောင့်၍နှိုးဆော်မှုတရပ်လည်း မုချလိုအပ်ပါသည်။ ဒါက အဓိက မဟုတ်တဲ့ ဒုတိယအကြောင်းရင်း ဖြစ်ပါသည်။ ၁၉၈၈ လူထုအုံကြွမြှု့ကီး တစ်နိုင်ငံ လုံးအ တိုင်းအတာအရ ပေါ်ပေါက် လာသည့် အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံလူဦးရေး၏ (၈၀) ရာနှုန်းဖြစ်သော တောင်သူလယ်သမား အများ စုကြီး ပါဝင် ဆင်နွှဲခဲ့သောကြောင့်ဖြစ်ပါ သည်။ မ.ဆ.လ အစိုးရ၏ တာဝန်ကျေ စပါး ၀ယ်ယူရေးစနစ်ဆိုးနှင့် စပါးကိုမတရား နှိမ်ယူ ပြီး အဓမ္မ၀ယ် ယူခဲ့ခြင်း တို့ကြောင့်ပင်ဖြစ်ပါသည်။ မြန်မာပြည်တွင် ၁၉၈၈ခုနှစ်မတိုင် မှီက ဖြစ်ပေါ်ခဲ့သည့် အလုပ်သမား အရေးအခင်း၊ ကျောင်းသားအရေး အခင်း များသည် တနိုင်ငံလုံး အတိုင်းအတာ မဆောင်ကြပါ။ တောင်သူလယ်သမားများ မပါဝင်ခဲ့ကြပါ။

         ရှစ်ဆယ့်ရှစ်အရေးတော်ပုံတွင်တနိုင်ငံလုံးလူထုကြီး ပါဝင်လှုပ်ရှားခဲ့သဖြင့် မ.ဆ.လ အစိုးရ ၊ ဦးစိန်လွင်အစိုးရ၊ ဒေါက်တာမောင်မောင် အစိုးရ တို့ ဆက်တိုက်ဆိုသလို ပြုတ်ကျခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ စစ်အစိုးရက အာဏာသိမ်းပြီး လူထုအလိုကျ ရွေးကောက် ပွဲလုပ်ပေးပါတယ်။ ပြီးလျှင်အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တန်းလျားကိုပြန်ပါ့မယ်ဆိုတာ တိုင်းပြည်နဲ့လူထုကို အတိအလင်း ကြေငြာ ပေးခဲ့ရပါ တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးကိုလည်း ကမ္ဘာသိကြေငြာပြီး ပြုလုပ် ပေးခဲ့ပါတယ်။ ဒီအခါမှာလည်း လူထုကြီးက တာဝန်ကျေ ပြွန်စွာပဲ သူတို့ကြိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ပုံအောပေးပြီး လူထုတိုက်ပွဲကြီးတရပ်ကို တာဝန်သိသိ၊ အသိရှိ ရှိနဲ့ ဆင်နွဲလိုက်ကြောင်း ပြသနိုင်ခဲ့ပြန်ပါတယ်။ မြန်မာလူထုကြီးသည် ဘယ်ကွေ့ ကို ဘယ် တက်နဲ့လှော်ရမည်ကိုသိပြီးသားပါ။ အထူးသင်ပေးနေစရာမလိုအောင် မရိုးဖျင်းပါ။ ခေါင်း ဆောင်ပိုင်းကသာ အမျှော်အမြင်ရှိရှိ ဦးဆောင်မှုပေးဖို့ လိုပါသည်။

         ရှစ်ဆယ်ရှစ်ကာလက အတွေ့ အကြုံအရကျွန်တော်တို့နယ်မြို့များမှာ မည်သူတစ်ဦး တစ်ယောက်ကမှ တိကျတဲ့ ညွန်ကြားချက်တွေ ချမှတ် ပေးတာမရှိခဲ့ပါ။ ရေဒီယိုမှသတင်း များနားထောင်ပြီး ရှစ်လေးလုံးတပ်လှန့်သံကိုပဲ ညွှန်ကြားချက်သဖွယ်လိုက်နာပြီး လမ်းမ ပေါ်ကို ရဲရဲကြီးထွက် ခဲ့ကြရာက အစ ကြီးမားတဲ့လူထုအုံကြွမှုကြီး ဖြစ်ခဲ့ရတာပါ။ ကျွန်တော်တို့ မြို့နယ်တွေမှာလည်း ဘယ်အထက်အဖွဲ့အစည်းကမှ စနစ်ကျတဲ့ တိုက်ပွဲ လမ်းညွန် ချက်တွေမပေးခဲ့ပါ၊ မိမိတို့အသိစိတ်ဓါတ်နဲ့ဘဲ မိမိတို့ရဲ့မြို့နယ်တွေကို ထိမ်းသိမ်းပြီး ယာယီအုပ်ချုပ်ရေးတာဝန်တွေ၊ တရားစီရင်ရေး တာဝန် တွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ စည်းကမ်းရှိပြီး အကြမ်းမဖတ်တဲ့ လူထုဆန္ဒပြပွဲကြီးကို ဆူပူအုံကြွလုယက်မှု့ ဖြစ်အောင် တမင်ဖန်တီးတာက စစ်တပ်ကပါ။ ဒါလည်း လူတိုင်းအသိပါ၊ ကျွန်တော်ပြောချင်တာက လူထုကြီးသည် အချိုးအကွေ့ အပြောင်းအလဲမည်သည့် အခြေအနေမျိုးမဆို သူတို့ လုပ်သင့်တဲ့အလုပ်ကို တာဝန်ကျေပြွန်စွာ လုပ်နိုင်တယ်၊ လုပ်နေတယ်လို့ ဆိုတာပါပဲ။

         ဒီလိုသစ္စာရှိရှိတာဝန်သိသိလူထုကို ဘယ်လိုတိကျတဲ့ ဦးဆောင်မှုတွေပေးကြမလဲ ခေါင်းဆောင်မှုပြဿနာဟာ ယနေ့မြန်မာနိုင်ငံရဲ့ အဓိက သော့ချက်ကြတဲ့ ပြဿနာဖြစ်နေ ပါပြီ။ ယနေ့ခေတ်၌ ခေါင်းဆောင်ဆိုသည်မှာ တဦးတယောက် တည်းကို ဆိုလို၍မပြည့် စုံနိုင်ပါ။ အဖွဲ့အစည်း အသီးသီး၌ အမြင့်ဆုံးလုပ်ပိုင်ခွင့်ရှိသူများ၊ ဗဟိုကောင်မီတီများဟု ဆိုလျှင် လုံလောက်ပါသည်။ ခေါင်းဆောင်များက ပထမဆုံး လူထုကို အကဲဖြတ် ချက် မှန် ဖို့လိုပါသည်၊ ကျွန်တော်အထက်မှာ တင်ပြထားသလို လူထုကြီးတရပ်လုံးအုံကြွပေါက်ကွဲ မည့်အခြေအနေဖြစ်ပေါ်နေပြီလား။ လုံးဝမခံ မရပ်နိုင်အောင် ပူလောင်နေကြပြီလား။ အစိုးရ ၏ မတရားမှု၊ ဖိနှိပ်မှုတွေရှိနေတယ် ဒါတွေကို မခံချင်ဖြစ်နေတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘယ်အတိုင်းအတာလောက် ဖြစ်နေပြီလဲဆိုတာကို ခေါင်းဆောင်တွေက အကဲ ဖြတ်နိုင်ရပါလိမ့်မယ်။  ပိုတွက်မိရင် ဒါမှမဟုတ်လျှော့တွက်မိရင် အမှားအယွင်းတွေဖြစ်ပြီး တော်လှန်ရေးက ခက်ခဲကြံ့ကြာနိုင်ပါတယ်။

         ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီးရဲ့ နောက်ပိုင်းကာလမှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲရင်း အရေးတော်ပုံ၊ စက်တင်ဘာ သံဃာ့အရေးအခင်း တွေကို    ကြည့်ရင် လူထုဟာတိုင်းအလိုက်၊ နိုင်ငံအလိုက်ပါဝင်လာတာကိုမတွေ့ရပါဘူး၊ အတိုင်းအတာ တခုအရတော့ မြို့နယ်အလိုက် ပါဝင်ဆင်နွှဲကြ တာ တွေ့ရပါတယ်။ လူထုသည် သူတို့ရဲ့မကြေနပ်ချက်တွေကိုတော့ အခွင့် အခါသင့်ရင်သင့်သလိုပြနေကြမှာပါ။ အတိုင်းအတာအကြီးအသေးဖြစ်နိုင်မှုကို ခေါင်းဆောင်များကတွက် ဆနှိုင်ဖို့ လိုပါတယ်။

         ယနေ့လူထုကြီးတရပ်လုံး ဆင်နွှဲရမည့် တိုက်ပွဲပုံစံတစ်ခုကို ခေါင်းဆောင်ကြီးများ က ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်ကြပါတယ်။ ဒါက တော့ နှစ်ပေါင်းများစွာ ကန့်ကွက် လို့မရတဲ့ အမျိုးသားညီလာခံကြီးက ထွက်ပေါ်လာတဲ့ အခြေခံဖွဲ့ စည်းအုပ်ချုပ်ပုံ (မူကြမ်း) ဆိုတာကို ကန့်ကွက် ဆန့်ကျင်မဲ ပေးကြဖို့ပါပဲ။ ဒါကလည်း အတိုက်အခံအဖွဲ့ အစည်းခေါင်းဆောင်များ အတွက် တိုက်နိုင်ချေရှိသလောက် တိုက်မည့်တိုက်ပွဲပုံဏ္ဍန်တခုပါ၊ စစ်သဘော တရားနဲ့ဆိုရင် အရှုံးသက်သာမည့် ခံစစ်ပုံစံ တခုလို့မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခြေအနေ အရ လုပ်နိုင်တာကို လုပ်ရမှာဖြစ်လို့ ကောင်း ပါတယ်။

         လူထုကြီးအနေနဲ့ အခြေခံဥပဒေမူကြမ်းကို ညွှန်ကြားချက်အတိုင်း ကန့်ကွက်မဲပေး ကြမှာအမှန်ပါ။ ဒီလောက်တော့ လူထုက အပျော့ပေါ့၊ န.အ.ဖ ကသာ မဲလိမ် မဲခိုး မလုပ်ဘူး ဆိုရင် စာရင်းဇယားအရ မလိမ်မကောက်ဘူးဆိုရင် လူထု ကန့်ကွက်မှုက မုချနိုင်မှာပါ။ လူထုရဲ့ ကန့်ကွက်မဲ ပေးမှုကြီးက အနိုင်ရခဲ့ရင် အတိုက်အခံခေါင်းဆောင်ကြီးများအနေနဲ့ ဘာဆက်ပြီးလုပ်ကြမလဲ။ န.အ.ဖ ကလည်း ၁၉၉၉ ရွေးကောက်ပွဲတုံးကလို ဘယ်သူဘဲနိုင် နိုင် အသိအမှတ် မပြုဘဲဆက်ပြီး မိုက်မယ်၊ ညစ်မယ်၊ အချိန်ဆွဲမယ်၊ ညှင်းဆဲမယ်ဆိုရင် ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေ ဘာဆက်လုပ်ကြမလဲ။ မေးရတာကတော့ လွယ်ပါတယ်။ တိကျတဲ့အဖြေပေးဖို့ကတော့ သိပ်မလွယ်ဘူးဆိုတာလည်း သီဝရီအရ သဘာဝ ကျပါတယ်။ သို့သော်ဖြစ်ခဲ့ တွေ့ ခဲ့ ဘူးတဲ့အကြောင်းတရားတွေကိုပြန်ပြီး ဆန်းစစ် ကြည့်လိုက်တော့ ရှစ်ဆယ့်ရှစ်ကာလမှာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးပိုင်းနဲ့ မြို့ နယ် အရပ်ဘက် ရုံးတွေကို လူထုကသိမ်းပိုက်နိုင်တဲ့ အခြေအနေကောင်းတရပ်ကို ရရှိခဲ့ပါတယ်။ သို့သော် ခေါင်းဆောင်များက အခြေအနေကောင်း နဲ့ ရလာဒ်ကို မိမိရရ မဆုတ်ကိုင်နိုင်ခဲ့တဲ့အတွက် အောင်ပွဲနဲ့လွဲချော်ခဲ့ရပါတယ်။ နောက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ လူထုရဲ့တာဝန်ကျေမှု ကြောင့်ရ ခဲ့တဲ့ ရလာဒ်ကိုလည်း မိမိရရ မဆုတ်ကိုင်နိုင်ခဲ့ပြန်ပါဘူး။ ဂန<ီခန်းမအစည်းအဝေး မှာလည်း လူထုကတာဝန်ကျေပြန်ပါတယ်။ ဒါကြောင့် ဒီ ပူပူ နွေးနွေးသင်ခန်းစာတွေကို ကြည့်ရင် လူထုကိုဘာမှစိုးရိမ်စရာ၊ အထင်သေးစရာမရှိခဲ့ပါဘူး။ ကျွန်တော်တို့ခေါင်းဆောင် များဘက်ကသာ တာဝန်ကျေဖို့ ကြိုးစားသင့်ပါတယ်။

            ယနေ့လက်ငင်းရင်ဆိုင်ရမည့် လူထုတိုက်ပွဲမှာလည်း လူထုကတာဝန်ကျေပြွန်စွာ ဖွဲ့စည်းပုံကိုကန့်ကွက် မဲပေးကြမှာပါ။ လူထုရဲ့ တာဝန်ကျေ ပြွန်ခဲ့ရင် ခေါင်းဆောင် ကြီးများ ဘာဆက်လုပ်ကြမည် ဆိုတာ တိကျတဲ့ အစီအစဉ်တွေရှိဖို့ လိုအပ်နေပါပြီ။ ကျွန်တော့်အနေနဲ့ အစီအစဉ်တွေမရှိဘူးလို့ စွတ်စွဲနေတာ မဟုတ်ပါ။ မတိမကျ မရေမရာ အစီအစဉ်လောက် နဲ့ကျေနပ်နေတာမျိုး မဖြစ်အောင်သာ သတိပေးရတာပါ။ လူထုမှာ ဘ၀နဲ့ ရင်းရတဲ့အတွက် အရင်းနဲ့အမြတ်တွက်ခြေကိုက်အောင် နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေ ရှိဖို့ ကိုသာ ရည်ရွယ်ပါတယ်။

         ဒါကြောင့် နိုင်ငံရေးကိုလမ်းစဉ်တွေ ဥပဒေတွေမသိကြ၊ မကျွမ်းကျင်ကြပေမယ့် ခေတ်အဆက်ဆက် အလိုက်သိသိ၊ သတ္တိရှိရှိနဲ့ တာဝန်ကျေ   ခဲ့တဲ့ မြန်မာလူထုသည် မညံ့ပါ၊ ဘယ်တော့မှလည်း ညံ့မည်မဟုတ်ပါ။ ကိုယ်လိုလားတဲ့အစိုးရကို ကိုယ့်ဖာသာကိုယ် မတင်နိုင်ဘူးလားလို့ ခပ်တိမ်တိမ် အတွေးမျိုးနဲ့ လူထုကိုမစော်ကားသင့်ပါ။ ဒါဆိုရင် ဘယ်သူတွေ ညံ့နေသေးလို့ လဲ။               ။

                                             .......................................................................................................   

 

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi