တိုကျို
နှင်းဆီ ၏ ဇီးရိုး အာဝါ ဇာတ်လမ်းတွဲ
နိဒါန်း
စစ်ပွဲတစ်ခုမှာ စိတ်ဓါတ်စစ်ဆင်ရေး လုပ်ငန်းများဟာ အရေးကြီးပါသလား၊၊
နှစ်ဖက်ထိုးစစ်ဆင်နွှဲကြတဲ့ ပြိုင်ဘက် အသီးသီးဟာ စိတ်ဓါတ်စစ်ဆင်ရေး
စစ်ပွဲများ ကိုရက်စက်စွာဆင်နွှဲခဲ့ ကြပါသလား ၊၊ ဒီ စိတ်ဓါတ်စစ်ဆင်ရေး
စစ်ပွဲများဟာ မိမိရဲ့ ရန်သူပေါ် အမှန်တကယ် ပဲ အထိနာစေခဲ့ပါ သလား၊၊
ရန်သူရဲ့ စိတ်ဓါတ်စစ်ဆင် ရေး လုပ်ရပ်များ ကိုကာကွယ်နိုင်တဲ့ နည်း လမ်း
များ ကော ရှိပါ သလား။ တန်ပြန်စိတ် ဓါတ်စစ်ဆင်ရေး လုပ်ငန်း များကို
ပြန်လည်ဆင်နွှဲရန်သင့် မသင့် စသည် ဖြင့် မေးမြန်းလာခဲ့မယ်ဆိုရင်
“ဟုတ်ကဲ့” လို့ပဲတစ်လုံးတည်း ခပ်မြန်မြန် ဖြေရမှာပါ။
စိတ်ဓါတ်စစ်ဆင်ရေးလုပ်ငန်းများဟာ အင်မတန်ပဲ ကြောက်ဖို့ ကောင်းပါတယ်။
လူတစ်ယောက်ဖြစ်စေ၊ လူ့အဖွဲ့ အစည်းတစ်ခုဖြစ်စေ၊ တစ်နိုင်ငံလုံးရှိ
ပြည်သူတစ်ရပ်လုံးဖြစ်စေ ကာယကံရှင်များကိုယ်တိုင်ပင်မသိလိုက်ပဲ
လည်ကောင်းတို့ရဲ့ စိတ် ပိုင်း ဆိုင်ရာခံစား မှု ယုံကြည်မှုနဲ့ 
အမျိုးမျိုးသော စာရိတ္ထမျိုးစုံကိုပြောင်းလဲနိုင်စေလို့  ပဲဖြစ်ပါတယ်။
ယ္ခုဆောင်း ပါး ကတော့ ကမ္ဘာမှာထင်ရှားတဲ့ စိတ်ဓါတ်စစ်ဆင်ရေး ဆင်နွှဲမှုများ
စွာထဲကတစ်ခုကိုကောက် နှုတ်တင် ပြခြင်း ဖြစ်ပြီး ကျွန်ုပ်တို့လည်း
စိတ်ဓါတ်စစ်ဆင်ရေးလုပ်ငန်း များ ကို နားလည် ကြောင်း
ကျွန်ုပ်တို့ရဲ့ပြိုင်ဘက်ကိုသိစေလိုက်တာ ဖြစ်ပါတယ်။
သူမရဲ့ဇတ်လမ်းအစ
တိုကျို နှင်းဆီ လို့ တချိန်ကအများသိခဲ့ကြတဲ့ အီဗာတူကူရီ ကို
အမေရိကကိုရွှေ့ပြောင်း အခြေချနေထိုင်တဲ့ ဂျပန်လူမျိုး မိဘနှစ် ပါးက ၁၉၁၆
ခု နှစ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၄ဝ ခု နှစ် အတွင်း
ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ သတ္တဗေဒ နဲ့ဘွဲ့ ရခဲ့တဲ့ သူမဟာ အင်္ဂလိပ်
ဘာသာစကားနဲ့ မိခင်ဂျပန်စကား နှစ်ခုကို
အထူးကျွမ်းကျင်သူလည်းဖြစ်ခဲ့ပါတယ်။ သူ မဟာ အခြားအားကစားမျိုးစုံ အပါအဝင်
ခရီးရှည်လမ်းရှောက်ထွက်ခြင်းများကို လိုက်စားသူဖြစ်ပြီး လှုပ်ရှားတက်ကြွ
ဂီတ များကိုလည်းကြိုက်နှစ်သက် တယ်လို့ ဆိုပါတယ်။
သူမဟာကျောင်းပြီးလို့  တစ်နှစ်အကြာ အ ထိ သူမရဲ့
ဖခင်လုပ်ငန်းမှာပဲကူညီပေး ခဲ့ပြီး ၁၉၄၁ ခု မှာဂျပန်ကို နိုင်ငံ
ကူးလက်မှက်မပါပဲ ရေလမ်းကတစ်ဆင့် ထွက်လာခဲ့တယ့် ဆိုပါတယ်၊ အကြောင်းကတော့
နေမကောင်းဖြစ်နေတဲ့ သူ့မ အဒေါ်ဖြစ်သူကို သွားတွေဖို့ နဲ့  ဂျပန်မှာ
ဆေးပညာ သင်ယူဖို့ ဖြစ်ပါတယ်၊၊
ထို
နှစ်ထဲမှာပဲ သူမဟာ အမေရိကန်သံရုံးမှာ
နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့ပြီး အမေရိကမှာအမြဲတန်း အခြေချနေ
ထိုင်ဖို့ပဲဖြစ်ပါတယ်။ လျှောက်လွှာအကြောင်း မပြန်သေး ခင်မှာပဲ ဂျပန်က
ပုလဲဆိပ်ကမ်းကိုစတင်တိုက်ခိုက်ပြီး စစ်ပွဲစတင် ခဲ့တဲ့ အတွက် တိုကျို
နှင်းဆီ ရယ်လို့ဖြစ်လာမယ့် အီဗာ တစ်ယောက် ဂျပန်မှာသောင်တင်ပါတော့တယ်။
ဇီးရိုး အာဝါ
ပထမတော့ သူမဟာ တိုကျို ရေဒီယိုမှာ လက်နှိပ်စက်ရိုက်သူဖြစ်အမှု
ထမ်းခဲ့တာပါ။ နောက်ပိုင်းမှ ဝါဒဖြန့်ချိရေး အစီအစဉ် တခုဖြစ်တဲ့ (Zero
Hour Programm ) မှာ
အစီအစဉ်ကြေငြာ သူ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီ ဌာနဟာ
စိတ်ဓါတ်စစ်ဆင်ရေးဌာန တခု စစ်စစ်သာ လျှင်ဖြစ်ပြီး အမေရိကန်တပ်များ
စိတ်ဓါတ်ကျဆင်စေဖို့အရည်ရွယ် ဝါဒ ဖြန့် ခဲ့ တာဖြစ်ပါတယ်။ သူမဟာ
အစီအစဉ်ကြေငြာ သူအဖြစ် ၁၉၄၃ ခု နှစ် နှောင်းပိုင်းကနေ
စတင်ဆောင်ရွက်ခဲ့ပြီး သူမကိုယ် သူမ (Orphan
Annie)
အဖြစ် မိတ်ဆက် ကြေငြာခဲ့တာဖြစ်ပေမယ့် အမေရိကန် စစ်သားများ ကြားမှာတော့
တိုကျို နှင်းဆီ ရယ်လို့ အ ထူးပဲရေပန်း စားခဲ့တာ ပါ။
အစီအစဉ်ကြေငြာမှုဟာ နေ့စဉ် ညနေ ၆ နာ ရီကနေ ၇း၁၅ နာရီ အထိပုံမှန်
ထုပ်လွင့် ပြီး သူမရဲ့ တာဝန်ယူရတဲ့ အချိန်ပိုင်း ကတော့ မိနစ် ၂ဝ ပဲကြာ
တယ်လို့ဆိုပါတယ်။ အစီအစဉ်တွေထဲမှာ “ အချစ်အကြောင်း အ စီအစဉ် ” တွေ ဟာ
ရေပန်းစား ခဲ့ပြီး အမေရိကနဲ့ အထွေထွေသတင်း သုံးသပ်ချက်များ ကို ဦးစား
ပေး ကြေငြာ ခဲ့တယ် လို့ဆိုပါ တယ်။
အစီအစဉ် ကြေငြာစဉ်မှာ စိတ်လှုပ်ရှား ဖွယ်သံစဉ်များကို
အရေးကြီး သတင်းများ မကြေငြာခင် ထုပ်လွှင့်ပြီး စစ်ပွဲကြီးပြီးဆုံး လို့
အိမ်ပြန်သွားတဲ့အခါ မိန်းမ လုပ်သူ ဖေါက်ပြားပြီး အိမ်ကို
စွန့်ပစ်သွားတဲ့ စိတ်ကူးယဉ်ဇတ်လမ်းများဟာ အမေရိကန်တပ် များကိုအထူး ပဲ
စိတ်ဓါတ်ကျဆင်းစေခဲ့တာ ပါ။
စစ်ကြီးအပြီး
တရားစီရင်မှု
အမှန်တော့ တိုကျို နှင်းဆီ ဆိုတဲ့ နာမည်ဟာ အသံလွင့်ဌာ န ရဲ့
အစီအစဉ်ကြေငြာသူ အမျိုးသမီးတွေကို အမေရိကန်စစ်သား တွေက
အပျော်နာမည်ပေးထားမှု သာလျှင်ဖြစ်ပြီး မည်သူမည်ဝါ ဟုသတ်မှတ်လို့ရတာ
မဟုတ်ပေမဲ့ အီဗာ ဟာ တိုကျို နှင်းဆီ အဖြစ်နဲ့သတ်မှတ် ခြင်းခံရပြီး
ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ၁၉၄၉ မှာ ထောင်ဒဏ် ၁ဝ နှစ် ဒဏ်ငွေ အမေရိကန်
ဒေါ်လာ ၁ဝဝဝဝ ပြစ် ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတော့တယ်။
သူမဟာ ထောင်ထဲမှာ ၆ နှစ်၂ လ နေ ခဲ့ ရပြီး ၁၉၅၆
မှာပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အစိုးရ ရဲ့ ပြည်နှင် ဒဏ်ပေး မှုကို
ပြန်လည် အောင်မြင်အောင် ချေပနိုင်ခဲ့ပြီး အမေရိကန် သမတ ဂျယ်ရယ်ဖို့ က
သူမကို ၁၉၇၇ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပါတယ်။
သူမကိုမှရွေးပြီး တိုကျို နှင်းဆီ အဖြစ်ပြစ်ဒဏ်
ပေးတာမဟုတ်မှန်နိုင်ကြောင်း ဆင်ခြေ နဲ့လွတ်ငြိမ်း ခွင့်ရခဲ့တာပါ။
သူမတရားစီရင်ခံရချိန်မှာ ဒုတိယကမ္ဘာစစ်အပြီးမှာ လက်ထပ်ခဲ့တဲ့
သူမရဲ့ခင်ပွန်း ဟာ ပြောက် ချင်း မလှ ထွက်ပြေးပျောက်ကွယ် သွားခဲ့ပါတယ်။
သူမ ထောင်က လွတ်ချိန်မှာ သူမအဖေရဲ့ဆိုင်ကို အဖေ ဆုံးချိန်အထိ
ဆက်လက်တာဝန် ယူလုပ်ဆောင်ခဲ့ပြီး အမေရိကမှာပဲ အသက်ထက်ဆုံး
ဆက်လက်နေထိုင်သွားခဲ့ပြီး အသက် ၉ဝ မှာ ကွယ်လွန် ခဲ့ပါတယ်။
တိုကျို
နှင်းဆီ လို့ခေါ်တဲ့ အစီအစဉ်ကြေငြာ သူ တွေရဲ့ ဝါဒဖြန့်ချီမှုဟာ
မဟာမိတ်တပ်များကို အမှန်ပဲ စိတ်ဓါတ်ကျ ဆင်းစေခဲ့တာ ပါ။
ကျွန်ုပ်တို့ဘက်မှာလည်း စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်စေဖို့ ဆိုသဖြင့်
“မ နှင်း ဆီ ” တစ် ယောက်မက ပေါ်မလာဘူး ဟုမည်သူ မျှ မပြောနိုင်ဟု
ထင်မိပါကြောင်း၊၊ ။
ကောင်းမြတ်သူ
|