![]() |
||||||||||||||||||||||||||||||||||
|
အာဏာရှင်စနစ်ဘယ်လဲကောင်းမြတ်သူ ဗိုလ်ခင်ညွန့်ကိုထောင်ထဲပို့ တာ ဗိုလ်သန်းရွှေမဟုတ်ပါ။ အာဏာရှင်စနစ်ဆိုးသာဖြစ်ပါတယ်။ အားလုံးဟာ အာဏာရှင်စနစ် ဆိုးရဲ့သား ကောင်တွေပါ။ မိမိထောင်ထဲသွားရမယ်အလှည့်ကို ကျော်လွှားနိုင်ဖို့  အခြေခံဥပဒေမှာ ထင်ရာ လျှောက်ရေး နေကြတာပါ။ အခြေခံဥပဒေ ထဲဘာ တွေပဲရေးရေး နောက်ဆုံးတော့ အာဏာရှင်စနစ်ရဲ့ဆိုးကျိုးကို အာဏာရှင်တစ်သိုက်လည်း ခံစားရမှာပါ။ အမှန်တရား က အနိုင်ရမှာပါ။ ဗိုလ်နေဝင်းနဲ့ ဗိုလ်ခင်ညွန့် တို့ ဟာ အကောင်ဆုံး ဥပမာ တွေပါ။ သူတို့ ဟာအာဏာရှင်စနစ်ရဲ့လက်သည်တွေပါ။ ဗိုလ်နေဝင်းသင်ပေးမှ တတ်တဲ့ပညာတွေနဲ့ လုပ်စားမလို့ ကြံနေတဲ့ ဗိုလ်သန်းရွှေနဲ့  တစ်သိုက်ဟာ ထွက်ပေါက်ပိတ်ပြီး အာဏာရှင်စနစ်အောက် လွတ်ရာလွတ်ကြောင်း လုပ်နေရခြင်းကိုက ထွက်ပေါက်ပိတ်တာ သေချာနေတာပါ။ လက်စား ချေရေး နဲ့ သင်ပုန်းချေရေး နှစ်ခုထဲက တခုခုကို ရွေးရ မယ်ဆိုရင် ပြည်သူဟာမိုက် မဲတဲ့အလုပ်ကို ဘယ်တော့မှ လုပ်လိမ့်မှာမဟုတ်ပါ။ အာဏာရှင်တစ်သိုက်အကြောက်လွန်နေကြတာပါ။ မြန်မာပြည်ထဲက စုံစမ်း သိရှိရသ မျှသတင်း တွေအရဆိုရင် အခုအကြိမ်လောက် တပ်တွင်းဝေဖန်မှုနဲ့  ထိတ်လန့် မှုများပြားတဲ့ကာလ ဘယ်တုန်းကမှမရှိခဲ့ဘူးပါ။ ဒါကြောင့် တပ်တွင်းအာဏာသိမ်းမှုဖြစ်နိုင်တဲ့ အကြောင်း သံတမန် အသိုင်းအဝိုင်းမှာ ထင်ကြေး ပေးနေကြတာဖြစ်ပါ တယ်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ ကြိုးစားမယ်ဆိုရင် အခုအချိန်ဟာ အချိန်ကောင်းပါ။ တပ်တွင်းသွေးချောင်း စီးပွဲ ကြီးဖြစ်ပြီးမှ ဆိုရင် စိတ်တိုင်းကျ အခြေခံဥပဒေ ကြီးကလည်း ဗိုလ်ချုပ်ကြီးများကိုကယ်နိုင်လိမ့်မယ်မဟုတ်ပါ။ မြန်မာပြည် ဒီ မိုကရေစီရေး အတွက်ပြည်သူအပါအဝင် သံဃာတွေလည်း သွေချောင်းစီးပြီးပါပြီ။ တိကျလွန်းတဲ့နိုင်ငံရေး သိပ္ပံပညာ အလိုအရ တပ်တွင်းသွေးချောင်းစီးမယ် ဂြိုလ်ခွင်ထဲကိုရောက်နေပါပြီ။ ဒီကျမ်းတွေကို ဗိုလ်ချုပ်ကြီးများ အလွန်ကျေ ပါတယ်။ ဒါ ကြောင့်လည်း အာဏာရှင်ကက်တလောက်ကို ပြင်ဆင်နေကြတာပါ။
ဗိုလ်တစ်သိုက်ကို အကြံပြုချင်တာက ပြည်သူကိုမကြောက်ပါနဲ့  လွန်မှဆိုရင်တော့ပြည်သူ လည်းဘာမှ မတတ်နိုင်ပါ။ သားသမီးများနောင် ရေး စိတ်အေးစေချင်ရင် ပြည်သူနဲ့ ပေါင်းပါ။ မိမိငယ်သားတွေကိုအာဏာလွှဲပြီး ထုံကူးဖို့ မကြိုးစာကြပါနဲ့ ။ ဗိုလ်ချုပ်ကြီးများရဲ့စကားနဲ့ ပဲပြောရရင် သူများတိုင်းပြည်ကပုံစံကိုကူးမချပါနဲ့ ။ ဆူဟာတိုရဲ့သီအိုရီဟာ ဒီ ဘက်ခေတ်မှာ မသေဆေးမဟုတ်တော့ပါ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ကျုးဘား၊ အာဆီယံ နဲ့  နောက်ဆုံး မြောက်ကိုရီးယား စသည်ဖြင့် နိုင်ငံရေး ဖဲတွေလှည့် ကစားလာတာ သိပ်များ နေပါပြီ။ ကမ္ဘာ မှာ ဒီလောက်ကစားတာ ဘယ်သူမှမရှိပါ။ အားလုံးကကြည့်နေတာ အလကားမဟုတ်ပါ။ မကြာခင်မှာ အားလုံးက ဗိုလ်တစ်သိုက်ကို ဘောလုံးလုပ်ကြတော့မှာပါ။ ဟိုခေါင်းဆောင်တွေလည်း ဘယ်သူမှအရူးမ ဟုတ်ပါ။ ပြည်သူက ဗိုလ်ချုပ်ကြီးများကို ထောင်ထဲမထည့်ပါ။ အာဏာ ရှင်စနစ်ကပဲဗိုလ်ချုပ်ြကီးများကို ကြိတ်ဝါးသွားမှာပါ။ ဒီ စနစ်ဆိုးကိုပြည်သူနဲ့  ပူးပေါင်းပြီးတိုက်ဖျက်ပါ။ လူငယ်ဗိုလ်ချုပ်တစ်သိုက်ကိုအာဏာ လွှဲပြီး အသုံးချဖို့ ကြိုစားတာ တောတွင်း ဥပဒေသ အရဆိုရင် မူအမှားကို ကျုးလွန်တာသာဖြစ်ပါတယ်။ အာဏာရှင်လောကမှာ ခွန်အားကြီးသူသာ အနိုင်ရပါတယ်။ ခွန်အားကြီးသူကို အမှန်တရား ကနိုင်ပါ တယ်။ အမှန်တရားကိုအားလုံးပိုင်ဆိုင် နိုင်ပါ တယ်။ ဗိုလ်ချုပ်ကြီးများအလိုကျ အာဏာရှင်လက်သစ်ဝါဒ သစ်တစ် ရပ်ပေါ်လာလည်း နောက်ဆုံးတော့ တပ်မှာပဲ အာဏာ ရှိအောင် အကွက်ဆင် ထားရတာပါ။ သေနတ်ဆိုတာ ပစ်သူရဲ့အမိန့်  ကိုပဲနာခံပါတယ်။ ဒါ ကိုဗိုလ်ချုပ်ကြီးများပိုသိပါတယ်။ တော်လှန်ရေးသီအိုရီပေါင်းစုံကိုလည်း ကျမ်းကျေနေ တဲ့ဗိုလ်ချုပ်ကြီးများဟာ ကျဉ်ဆန်နဲ့  ပေါင်းပြီး လူတွေ ကိုသတ် လို့ ရပေမယ့် သေနတ် ဆိုတာ လည်း လူလုပ်ပစ္စည်းတစ်ခုဆိုတာ သတိရစေဖို့ ဖြစ်ပါတယ်။ ၈၈၈၈ နောက်ပိုင်း န.ဝ.တ တက်လာပြီးဘာလုပ် ရမှန်းမသိ။ တိုင်း ပြည် ကိုဘယ်လိုအုပ်ချုပ်ရမှန်းမသိလို့  မ.ဆ.လ ဟောင်း တွေက နောက် ကွယ်ကနေလုပ်ပေးရတာ ဗိုလ်ချုပ်ကြီးများ မှတ်မိမှာပါ။ ထိုင်းနိုင်ငံက အစိုး ရ အ ဖွဲ့  ဝင်တွေရောက်လာ တုန်းကဝန်ကြီးချုပ်ဟောင်းဦးမောင်မောင်ခ ကိုယ်တိုင် လက်ခံတွေ့ ဆုံ ပြီးစကားပြောခဲ့ရတာ တက်သစ်စ ဗိုလ်ချုပ်ကြီးများ တစ်သိုက်ဘာမှမလုပ်တတ်ကြလို့ ပါ။ တစ်ချိန်တုန်းကလျို့ ဝှက် ကိစ္စ တွေပါ။ ညီ ငယ် ဗိုလ်ချုပ် တစ်ချို့  ဒီကိစ္စတွေ သိ ချင်မှသိကြမှာပါ။ တစ်ဖြေး ဖြေးနဲ့  အတွေ့ အကြုံ ရလာတော့မှ န.ဝ.တ အဖွဲ့  ကိုယ်တိုင်လုပ်တတ်လာတာပါ။ ဦးနေဝင်း နဲ့  မ.ဆ.လ အဖွဲ့  ဟာ အာဏာရှင် တွေပီပီ သူတို့  ရဲ့ တစ်ပည့်ဗိုလ်ချုပ်ငယ် တွေကို အာဏာရှင် လုပ်နည်းနဲ့  (Martial Law) ကိုပဲသင်ပေးခဲ့တာပါ။ ဒါကြောင့်တိုင်းပြည်ကောင်း စားရေး ဘာမှမလုပ်တတ်ကြတော့ပါ။ အခုလုပ်နေတဲ့ အင်ဒိုနီးရှား စတိုင် အခြေခံဥပဒေနဲ့  အာဏာရှင်လက်သစ် ဝါဒဟာတစ်ချိန်တုန်းက မ.ဆ.လ ဟောင်းတွေရဲ့ ပို့ ချချက်တွေပါ။ ဗိုလ်သန်းရွှေနဲ့  အဖွဲ့ ဟာ အာဏာရှင်လုပ်နည်း အပြည့် အဝမတတ်ခင် ဆရာဟောင်း တွေကို ပုန်ကန် ခဲ့မိလို့ အခုလည်း မ.ဆ.လ ဟောင်း တွေကို (Ideology) အရ မှီခိုနေရဆဲ ဆိုတာ ထိပ်ပိုင်းဗိုလ်ချုပ်ကြီး များ အသိဆုံး ဖြစ်မှာပါ။ အမှန်တော့ မ.ဆ.လ ဟောင်း တွေဟာ ဆရာစား ချန် ပြီး သင် ပေးခဲ့လို့  သူ တို့ လည်း အခုချိန် မှာ ခေါ်အသုံးခံနေရသေးတာပါ။ ဘာဆို ဘာမှ နားမလည်သေး တဲ့ ဗိုလ်ချုပ်ငယ် များဟာလည်း သူတို့ ဆရာဗိုလ်ချုပ်ကြီးတွေဆီက အာဏာ ရှင်လုပ်နည်း နဲ့  ဆရာ အရင်း ကို ထောင်ထဲ ထည့်တဲ့ ပညာ တွေပဲတတ်မြောက် လာကြဦး မှာ သံသယဖြစ်စရာ မလိုပါ ဒီလိုနဲ့  အာဏာ ရှင်စနစ်ရဲ့ ဆိုးကျိုးကို ဗိုလ်ချုပ်ကြီး များ တဖန်ပြန်ပြီး မြည်းစမ်း ရဦးမှာပါ။ ဗိုလ်ချုပ်ကြီးများ ကြိုက် သလို ကစားပါ။ နောက်ဆုံးတော့ အာဏာ ရှင်အားလုံး အာဏာရှင်စနစ်ရဲ့သားကောင် ပဲ ပြန်ဖြစ်ပြီး အမှန်တရား နဲ့  ပြည်သူကပဲ နိုင်မှာပါ။
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||