မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

 “ မုန်တိုင်းသက်သေ ”            (ဒုတိယပိုင်း)                    

                                                                                                    ဦးဖိုးသာအောင်     

         အဆိုးဆုံးအခြေအနေတို့ ရဲ့ အဆိုးဆုံးကတော့ မြန်မာနိုင်ငံကပြည်သူတွေပဲဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် သိန်းဂဏန်းမျှသေဆုံးကြရပြီး၊ သန်းဂဏန်းမျှငတ်မွတ်နေသူများအတွက် ထိထိရောက်ရောက်ကူညီမယ့် သူတွေကို ချက်ချင်းခွင့်မပြုဘဲ တုံ့ တုံ့ ဆိုင်းဆိုင်းလုပ်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ဟာ ကမ္ဘာမှာထူးခြားတဲ့ ဖြစ်ရပ်ကြီးတခုပါ။ တကယ်တန်းကိုယ့်ပြည်သူတွေအပေါ်ကိုယ်သနားညှာတာစိတ်ရှိတယ် ဆိုရင် စစ်အစိုးရသည် နောက်ပြဿနာနောက်မှရှင်းမယ်အခုလောလောဆယ် ဒို့ ပြည်သူတွေမသေဖို့ က အရေးကြီးတယ် ဆိုပြီး ရဲရဲကြီးခွင့်ပြုရမယ့် ကိစ္စပါ။

          မြန်မာနိုင်ငံသားတိုင်း ဒီကိစ္စဟာ အရေးပေါ် အချိန်မဆိုင်းဘဲ ကိုင်တွယ်ဖြေရှင်းရမယ့် အမျိုးသားရေးကိစ္စဖြစ် တယ်ဆိုတာ ခံယူနား လည်ကြရမှာပါ။ အခုဟာ လူထုရဲ့ သေရေးရှင်ရေး ဖြစ်နေတဲ့ အခြေအနေဆိုးကြီးကို မျက်ကွယ်ပြုပြီး အချိန်ဆွဲကာ နိုင်ငံတကာက တကယ် ကူညီနိုင် သူတွေကို ပိတ်ပင်တားဆီးလိုက်ခြင်းဟာ ဗိုလ်သန်းရွှေတို့ လူသိုက်လောက်ရဲ့ ဆုံးဖြတ်ချက်လောက်နဲ့ တော့ ပြီးမှာမဟုတ်ပါဘူး။ သူတို့ ဆရာကြီး မဟာမိတ်ကြီးတွေရဲ့ အဆုံးအဖြတ်လည်း ဖြစ်ဖို့ သေချာပါတယ်။ တရုတ်တို့  ရုရှားတို့ ပေါ့။ န.အ.ဖ ဟာ သူရဲ့ စစ်အာဏာရှင်စနစ်ကို အဒွန့် ရှည် တည်တန့် နိုင်ဖို့  တရုတ်၊ ရုရှားစတဲ့ ကွန်မြူနစ်နိုင်ငံတွေရဲ့ အကူအညီနဲ့ အားကို  အပေးအယူပုံစံနဲ့  ရအောင်ယူပြီး ကြိုးစားရပ်တည်နေရတဲ့ အစိုးရပါ။ ဒါကြောင့် ယခုလို အရေးကြီးအရေးပေါ်ကိစ္စကြီးတွေမှာတောင် သူ့ ဆရာကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ရတာလည်းဖြစ်နိုင်ပါတယ်။ နောက်တချက်က သူကိုယ်တိုင်ကလည်း မြန်မာပြည်သူတွေအားလုံး သေသွားပါစေ သူတို့ အာဏာတည်တန့် ဖို့ သာ အဓိကဆိုတဲ့ စိတ်ယုတ် စိတ်ပုတ်ရှိနေလို့ လည်းဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာ မြန်မာတွေမရှိရင် တရုတ်တွေနဲ့  အစားထိုးဖို့ လည်း စိတ်ကူးရှိနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် လက်တွေ့ မှာတော့ အမေရိကန်နဲ့ အနောက်အုပ်စုက အကူအညီတွေကို ပစ္စည်းပေးပါ၊ လူမလာပါနဲ့ ဆိုပြီး တုံ့ ဆိုင်းနေတာ ရက်သတ္တပတ်ရှိသွားပါပြီ။

              အရေးကြီးတာက စစ်အစိုးရဆက်ပြီး တည်ရှိနေမယ်ဆိုရင်နောင်မှာလည်း ဒီလိုပဲ ဖြစ်နေအုံးမယ်ဆိုရင် မခက်ပါလား။ ငတ်ပြီးသေနေ ကြရတဲ့အထဲမှာ ဒီလိုရာသီဖောက်ပြန်မှု တွေ့ လာကြရင် ဘယ်လိုလုပ်ကြမလဲ။ စစ်အစိုးရကိုတော့ ပြည်သူတွေကို သန်းနဲ့ ချီပြီးသတ်ပစ်လိုက်တဲ့ “ နာဂစ် ” လို့ ပဲသဘောထားလိုက်ပါတော့။ သူက အမြဲသတ်နေမယ့် “ နာဂစ် ” အစိုးရဖြစ်သွားပါပြီ။

               ယခုအချိန်ဟာ နိုင်ငံရေးကို ရှေ့ တန်းထားပြီးစဉ်းစားတွက်ချက်နေကြမယ်ဆိုရင်တော့ ဒုက္ခသည် နှစ်သန်းလောက်ကို ဆိုးဆိုးဝါးဝါး သစ္စာဖောက်ရာကျပါလိမ့်မယ်။ ဒီနေရာမှာ စစ်အာဏာရှင်တစုကို ထည့်ပြောစရာမလိုတော့ပါဘူး။ စစ်အစိုးရကို ဆန့် ကျင်တော်လှန်တိုက်ခိုက် နေကြတဲ့ အတိုက်အခံအဖွဲ့ အကြီးအသေး တွေရဲ့ သဘောထား အမှန်တွေကို ဆန်းစစ်ဖို့ လိုပါတယ်။ ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့ တွေနဲ့  ၎င်းအဖွဲ့ တွေမှာ အဓိက ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်သူတွေရဲ့ သဘောထားကတော့ ဘယ်လိုပါလိမ့်။ အမျိုးသားရေးနဲ့  နိုင်ငံရေးကို ဘယ်ဟာက ယခုလို အချိန်မှာ အဓိကကျသလဲဆိုတာ ပြတ်သားဖို့ လိုအပ်နေပါတယ်။ ဘယ်အချိန်ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နိုင်ငံရေးသာ အဓိက နေရာမှာ ရှိတယ်ဆိုပြီး စစ်အာဏာတည်တန့် ခိုင်မြဲရေးအတွက် န.အ.ဖ ရဲ့  လုပ်ရပ်ကတော့ “ နိုင်ငံခြားသားမဝင်ရေး ” ဒို့ အရေးပဲ ဖြစ်ပါတယ်။ ၎င်း အချက်နဲ့  ဆန့် ကျင်ပြီး ယခုအချိန်သည် အမျိုးသားရေး အဓိကဖြစ်တယ်။ ပြည်သူတွေကို ကယ်တင်ရမှာက အဓိကဖြစ်တယ်ဆိုရင် နိုင်ငံခြားသား များဝင်ရောက်လာရေးအကူအညီပေးရေးဆိုတာတွေကို အားပေးခြင်း၊ ကြိုဆိုခြင်း၊ တောင်းဆိုခြင်းတို့ အပြင် အမေရိကန်နဲ့ တကွ အနောက်နိုင်ငံ ကြီးများရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂမှ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့  ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းခြင်းများပြုလုပ်ပြီး မြန်မာပြည်တွင်းကို အရောက်ခေါ်ဆောင်နိုင်ဖို့ ပဲ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် အနောက်အုပ်စုကို မလိုလားသော န.အ.ဖ နဲ့ တလှေထဲစီး၊ တခရီးထဲသွား သူတွေဖြစ်နေပြီလို့  ပြည်သူက မြင်တော့မှာ အမှန်ပဲ။

         ဒါကြောင့် ပြည်တွင်းရောပြည်ပက အတိုက်အခံများအားလုံးသည် ယခုအပူတပြင်းလိုအပ်နေတဲ့ အမျိုးသားရေးအခြေအနေအရ နိုင်ငံတကာက အကူအညီတွေကို လူရော ပစ္စည်းပါ မြန်မာပြည်ထဲကိုရောက်ရှိအောင် အမှန်တကယ် ကယ်တင်ရေးအဖွဲ့ တွေ ကျွမ်းကျင်လုပ်သားတွေ ပညာရှင်တွေ ဝင်ရောက်လာနိုင်ရေးအတွက် ဘယ်လိုဆောင်ရွက်နိုင်စွမ်းရှိသလဲ ဆိုတာ ပြည်သူတွေစောင့်ကြည့်နေကြပါပြီ။ အတိုက်အခံတို့ ရဲ့ သဘောထားကိုလည်း ဘယ်လောက်ပြတ်ပြတ်သားသားပြ ကြမလဲဆိုတာ  “ နာဂစ် ” မုန်တိုင်းက သက်သေအဖြစ် ဖေါ်ကျူးတော့မှာ ဖြစ်ပါကြောင်း ။           ။

 

 

.......................................................................................................

                                                                      

 

                                                         “ မုန်တိုင်းသက်သေ ”            (ပထမပိုင်း)

                                                                                                              ဦးဖိုးသာအောင်

                     ၂၀၀၈ ခု နှစ် မေလ ၂ ရက်နေ့ သောကြာနေ့ ည ၁၁ နာရီလောက်မှစပြီး မေလ ၃ ရက်နေ့  စနေနေ့  လည် ၁၁ နာရီလောက်အထိ တိုက်ခတ်သွားခဲ့တဲ့  နာဂစ်လေမုန်တိုင်းကြီးရဲ့  ဒဏ်ကြောင့် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့  ကျန်ဒေသအချို့ မှာ ထိခိုက်နစ်နာပျက်စီးဆုံးရှုံး၊ သေကြေ၊ ပျောက်ပျက် ဖြစ်ခဲ့ရပါသည်။ တနာရီကို မိုင် ၁၂၀ ကျော် နှုန်းပြင်းထန်လွန်းတာကြောင့် မြန်မာ့သမိုင်းမှာ မကြုံစဖူးထူးကဲစွာ ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်ဆိုးကြီးပါ။ လေဘေးရောရေဘေးပါ ခံကြရတဲ့ ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းခြေတွေမှာ ရွာလုံးကျွတ်ပျောက် ပျက်ဆုံးရှုံးခဲ့တဲ့ ကျေးရွာတွေ အလွန်များပြားတာကြောင့် ယနေ့ တိုင်စာရင်းအတိအကျ မပြုစုနှိုင်ကြသေးပါ။

                   လူအသေအပျောက်စာရင်းကို ရေဒီယိုများမှ အမျိုးမျိုးကြားနေရပါတယ်။ အသေက တသိန်းကျော်၊ အပျောက်က တသိန်းနီးပါး၊ အိုးအိမ်မဲ့ ဒုက္ခသည် တသန်းခွဲလောက်ရှိတယ်လို့ လည်းကြားရပါတယ်။ စစ်အစိုးရရဲ့ ကြေငြာချက်မှာတော့ အသေက နှစ်သောင်းကျော်၊ အပျောက် က လေးသောင်းကျော်လို့  ဆိုပါတယ်။ စစ်အာဏာရှင်တို့ ရဲ့ စာရင်း ဇယားတွေကတော့ ဒီကိစ္စမျိုးတွေမှာ  အမှန်တကယ် ကိန်းဂဏန်းထက် ဆယ် ရာခိုင်နှုန်းလောက်ပဲ ကြေငြာလေ့ရှိတယ်ဆိုတာ လူတိုင်းသဘောပေါက်ကြပါတယ်။ ဘလော့ဒ်တခုမှာ တင်ထားတဲ့ ဗိုလ်မှူးတယောက်ရဲ့ ပြောပြချက် အရကတော့ လူ ခြောက်သိန်းလောက်သေနှိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဆိုကြပါစေ၊ မြန်မာ့မြေပုံပေါ်က ပျောက်ကွယ်သွားတဲ့ ရွာတွေ၊ တကျွန်း လုံးကို ရေဖုံးလွမ်းသွားတဲ့ ကျွန်းတွေကို ကြည့်ရင် လူတွေ သိန်းဂဏန်းနဲ့ ချီပြီး သေကြေပျက်စီးခဲ့ကြပြီဆိုတာ သေချာနေပါပြီ။ အစာငတ်၊ ရေပြတ်နဲ့  ရောဂါဘယဆိုးတွေနဲ့ သေမယ့်နေ့ ကို ထိုင်စောင့်နေကြရတဲ့ ကယ်သူမဲ့ မြန်မာပြည်သူ နှစ်သန်းနီးပါးလောက်ရဲ့ ကံကြမ္မာကလည်း မတွေးဝံ့စရာဖြစ် နေရပြန်ပါပြီ။

                 နာဂစ်မုန်တိုင်း အဖြစ်မျိုးက ပြီးခဲ့တာတွေ ပြီးသွားပါပြီဆိုပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားမယ့် အဖြစ်မျိုး မဟုတ်ပါ။ မြန်မာနိုင်ငံနဲ့  နိုင်ငံသားတွေ ရှိနေသ၍ အမြဲတမ်းစွဲလမ်း ခံစားနေရမယ့် အဖြစ်မျိုး ဖြစ်နေပါပြီ။  ယခုလောလောဆယ်ကိုပဲ ကျန်ရစ်တဲ့ ဒုက္ခသည် နှစ်သန်း နီးပါး အတွက် အရေးပေါ်ဘယ်လို ကူညီကြမလဲ ဆိုတာ ပြဿနာ အကြီးအကျယ်ရှိနေပါတယ်။ အခု မုန်တိုင်းကြီးပြီးလို့  တပတ်ကျော်ခဲ့ပါပြီ ဘာမှ ထိထိ ရောက်ရောက် မကူညီနှိုင်ကြသေးပါ။

                ပထမ ပြဿနာက မုန်တိုင်းမိအဆိုးဆုံး ကမ်းခြေဒေသတွေ ကျေးလက်တောရွာတွေကို ရောက်အောင် သွားနှိုင်ဖို့ ၊ ဒုတိယ ပြဿနာက သောက်ရေ၊ အစားအစာနဲ့  အဝတ်အစား၊ နေစရာ အဆောက်အဦးတွေ လုံလောက်အောင်ပေးဖို့ ။ တတိယ ပြဿနာက ထိခိုက်ရှနာနဲ့  ရောဂါဖြစ်နေ သူတွေကို အရေးပေါ် ကုသဖို့ ၊ စတုတ္ထ ပြဿနာက နောက်ထပ်ရောဂါဘေးဆိုးကြီးတွေ မဖြစ်ပေါ်ဖို့  မကူးစက်ဖို့ ကို ကာကွယ်နှိုင်ကြဖို့ ပဲဖြစ်ပါတယ်။

              ကဲ ဒီသေရေး၊ ရှင်ရေး ပြဿနာကြီးတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။ ဒါ အရေးတကြီးဖြေရှင်းရမယ့် အမျိုးသားရေးပြဿနာ ဆိုတာ မြန်မာတမျိုးသားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် တာဝန်အရှိဆုံးကတော့ လက်ရှိစစ်အစိုးရပါပဲ။  စစ်အစိုးရရဲ့ မုန်တိုင်းဘေးဒုက္ခသည် ပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံကတော့ တကမ္ဘာလုံးကြားရ၊ သိရသူတိုင်း၊ လူသားချင်းစာနာစိတ်ရှိ သူတိုင်းအတွက် အလွန်ဒေါသ ဖြစ်စရာကောင်း လှပါတယ်။ ယခုတပတ်ကျော်တဲ့အထိအခင်းဖြစ်ပွားရာဒေသတွေကို မရောက်ကြသေးပါဘူး။ ဘာတခုမှ ထိထိရောက်ရောက်မကူညီနိုင်သေးပါဘူး။ ရန်ကုန်တိုင်းအတွင်းမှာပင် ဘယ်နေရာကိုမှ နှံ့ နှံ့ စပ်စပ်မရောက်ကြသေးပါဘူး။ သူတို့ မရောက်မပေါက်ဖြစ်နေယုံ တင်မကဘဲ တကယ်ရောက် အောင်သွားပြီး ကူညီမယ့် လှူဒါန်းမယ့် ပုဂ္ဂိုလ်တွေ အဖွဲ့ အစည်းတွေကိုတောင် ဟန့် တားနှောက်ယှက်ခြိမ်းခြောက်နေပါသေးတယ်။ သတင်းသမား တွေ ဂျာနယ်လစ်တွေဆိုရင် အနားတောင်အကပ်မခံပါဘူး။ နိုင်ငံခြား CNN သတင်းထောက်တရောက်ဆို စစ်အစိုးရက လိုက်ဖမ်းလို့  လက်လွတ် ထွက်ပြေးခဲ့ရတယ်။ ဒီလို ဘေးဆိုးကပ်ဆိုးကြီးဆိုက်လို့  တနိုင်ငံလုံးကြိမ်မီးအုံးသလို ဒုက္ခပင်လယ်ဝေ ပူဆွေးသောကရောက်နေချိန်မှာပဲ န.အ.ဖ က သူ့ ဆန္ဒခံယူပွဲဆိုတာကို မိန့် မိန့် ကြီးကျင်းပနေပြန်ပါပြီ။ ပြည်သူတွေခမျာ ကြောက်ကြောက်နဲ့  ထောက်ခံမဲတွေ ပေးနေကြရပြန်ပါပြီ။

             စစ်အစိုးရက နိုင်ငံတကာက ဝေဖန်ပြစ်တင်သံတွေကို လုံးဝဂရုမစိုက်ပါ။ နိုင်ငံတကာက လူတွေ လူလို ပြောနေကြတာကိုစစ်အာဏာရှင် တစုက နားမလည်ပါ။ သူတို့ က လူတွေမဟုတ်ကြလို့ ပါဘဲ။ အရေးပေါ်ကိစ္စဆိုတာ စစ်အာဏာရှင်တစု လုံးဝနားမလည် သဘောမပေါက်နှိုင်ပါ။ သူတို့ အတွက် အာဏာတည်မြဲရေးနှင့် မဲနိုင်ရေးသာ အဓိက အရေးပေါ်ကိစ္စ ဖြစ်နေပါသည်။ ပြည်သူတွေ ဘယ်လောက်ပဲသေသေ၊ သူတို့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ အခု “ နာဂစ် ” မုန်တိုင်းက သက်သေပြလိုက်ပါပြီ။

 

           ကုလသမဂ္ဂ နှင့် နိုင်ငံတကာက “ ကူညီပါရစေ ” လူသားချင်းစာနာထောက်ထားတဲ့အတွက် အကူအညီတွေကို အားလုံးလိုအပ်ချက်နဲ့ အညီ ကူညီဖို့  နည်းအမျိုးမျိုးနဲ့  ကမ်းလှမ်း နေကြပါတယ်။ အချိန်ဟာ မီးနစ်ပိုင်း၊ စက္ကပိုင်းနဲ့ အမျှအရေးကြီးလွန်းနေပါတယ်။ ဒုက္ခသည်တွေ ထပ်မံပြီး မသေဆုံးရအောင် အမြန်ဆုံး ကူညီဖို့  တောင်းဆိုနေချိန်မှာ စစ်အာဏာရှင် တခုကတော့ ခတ်အေးအေးနဲ့ တုံ့ တုံ့ ဆိုင်းဆိုင်း ဖြစ်နေကြပါတယ်။ အခု နောက်ဆုံးသတင်းတွေ အရတော့ “ ပစ္စည်းသာပို့ ပါ ” လူမလာပါနဲ့ လို့  ပြောပါတယ်။ စစ်အာဏာရှင်တစုဟာ နိုင်ငံခြားသားလာမှာကို အလွန်ထိတ်လန့် နေပုံပါဘဲ။

            အကူအညီ ပစ္စည်းနဲ့ ငွေတွေကို စစ်အာဏာရှင်တစုရဲ့ လက်ထဲကို အပ်လိုက်ရင်လည်း လူထုဆီကို ဆယ်ပုံတပုံရောက်ရင်တော်လှပြီလို့  ဆိုရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း မြန်မာပြည်သူတွေနဲ့  ကမ္ဘာ့ပြည်သူတွေ အများစုက သိနေကြပါတယ်။ ဒုက္ခသည်အတွက်ပေးတဲ့ ပစ္စည်းနဲ့ ငွေဟာ စစ်တပ်ရိက္ခာနဲ့  လက်နက်ဝယ်ဖို့  ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အလှူရှင်တွေက အလှူခံတွေရဲ့  လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်တာက အသေချာဆုံး ဖြစ်နေပါတယ်။ ဒါကို စစ်အာဏာရှင် တစုက လက်မခံနှိုင်ဖြစ်နေပါတယ်။ စစ်အာဏာရှင်တစုဟာ ပြည်သူတွေ သေရေး၊ ရှင်ရေး ဖြစ်နေတဲ့ အမျိုးသားရေးကိစ္စကို နိုင်ငံရေး ရှု့ ထောင့်ကနေကြည့်ပြီး နိုင်ငံခြားသား မဝင်ရေးဆိုတာကို ဇောင်းပေးလုပ်ကိုင်နေပါတယ်။ သေပြီးသား အလောင်းတွေကိုတောင် မရှင်းနိုင်၊ မမြုတ်နိုင်၊ မသဂြိုလ်နိုင်တဲ့ အစိုးရဟာ အရေးပေါ် အမျိုးသားရေးကို နိုင်ငံရေးနှင့် ရောထွေးကြည့်ပြီး အလွန် ကြောက်ဒူးတုန်နေတယ်။ နောက်ထပ်ဘယ်နှစ်ယောက်ပဲသေသေ နိုင်ငံခြားသားတော့ မလာပါနဲ့ လို့ တွင်တွင်ကြီးငြင်းချက်ထုတ်လျှက်ရှိနေပါတယ်။

 

               ၁၉၉၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ လူတသိန်းကျော်သေဆုံးပြီး၊ သန်းနဲ့ ချီတဲ့ လူထုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံတကာ အကူအညီတွေကို လူရောပစ္စည်းပါ လက်ခံကြိုဆိုခဲ့လို့  နောက်ဆက်တွဲပြဿနာတွေ ကင်းဝေးခဲ့ပါတယ်။  ပါကစ္စတန်မှာ ဆိုလည်း ဒီလိုပါပဲ။ လုံးဝ သတင်းထိန်ချိန်ခြင်းမရှိဘဲ နိုင်ငံတကာရဲ့ လူရောပစ္စည်းပါကူညီခဲ့မှု့ ကြောင့် အများကြီးသက်သာ ခွင့်ရ ခဲ့ပါတယ်။ ယခုမြန်မာစစ်အစိုးရက နိုင်ငံခြားသား အရေးပေါ်ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေကို ဘာကြောင့် လက်မခံချင်တာလည်း၊ ဒါလည်း လူတိုင်းလို သိနေကြပါတယ်။ နိုင်ငံခြားသားတွေ အထူးသဖြင့် အမေရိကန်နိုင်ငံက ပုဂ္ဂိုလ်တွေ မြန်မာ့ကျေးလက်ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိသွားရင် ကျေးလက်နေပြည်သူလူထုရဲ့ အခြေအနေမှန်ကို မျက်ဝါးထင်ထင်တွေမြင်သွားမှာပဲ ဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ လူနေမှု့ ဘဝ တွေဟာ ဘယ်လောက်နိမ့်ကျနေတယ်။ ဆင်းရဲနေတယ် ဆိုတာ ကမ္ဘာက သိမှာအမှန်ဖြစ်လို့ ပါပဲ။ အစဉ်အမြဲ ကမ္ဘာကို လိမ်နေတဲ့ စစ်အစိုးရဟာ ဒါ မျိုးကို မလိုလားပါဘူး။

                       ပြည်သူ့ ဘဝဆိုတာ နိုင်ငံရေးပါပဲ။ ပြည်သူ့ ဘဝ အမှန်ကို ကမ္ဘာက သိသွားရင် အစဉ်အမြဲလိမ်ညာ ဝါဒဖြန့် နေတဲ့ စစ်အစိုးရအဖို့  နိုင်ငံရေးအရ အရှုံးထွက်သွားနိုင်တယ်လို့  ယူဆထားပုံရပါတယ်။ ဒါကြောင့် နိုင်ငံတကာ အကူအညီတွေကို ပစ္စည်းသာပို့ ပါ။ လူမလာပါနဲ့ လို့  တွင်တွင်ကြီးတားဆီးနေတာပါ။ ရာဇဝတ်မှုကျူးလွန်ထားသူဟာ လူကောင်းသူကောင်းတွေကို ထိတ်လန့် နေတဲ့ သဘောပါ။ နောက်တချက်က အနောက်နိုင်ငံတွေက အထူးသဖြင့် အမေရိကန်လို နိုင်ငံမျိုးက မြန်မာပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ရက်ရက်ရောရော ကိုယ်ဖိရင်ဖိ ကူညီ ကယ်ဆယ် လှူဒါန်းတယ်ဆိုတာမျိုးကို မြန်မာပြည်သူတွေ မသိစေချင်ပါဘူး။ စစ်အစိုးရက အမေရိကန်ကို ရန်သူနယ်ချဲ့ အဖြစ်ပုံဖေါ်ပြီး မြန်မာ နိုင်ငံမှာ ဝါဒဖြန့် နေတာကြာပါပြီ။ ပြည်သူတွေက စစ်အစိုးရပြောသလို နိုင်ငံခြားသားတွေဟာ ရန်သူတွေ နယ်ချဲ့ တွေ မဟုတ်ပါလား၊ အရေးကြုံရင် လူသားချင်းစာနာထောက်ထားတတ်တဲ့ ပုဂ္ဂိုလ်တွေပါလားလို့  အဖြစ်မှန်အသိမှန်တွေရသွားမှာကိုလည်း စစ်အာဏာရှင်တွေက မလိုလားပါဘူး။ ပြည်သူတွေသာ အသိမှန်အမြင်မှန်တွေရလာရင် စစ်အာဏာရှင်တစုက ရိုက်သွင်းနေတဲ့ တကယ့်နိုင်ငံရေး ကင်ပိန်းကြီးဖြစ်တဲ့ “ နယ်ချဲ့   အမေရိကန် ” တို့  “ ပြည်တွင်းရေးဝင်စွက်သူ” တို့  ဆိုတဲ့ဟာတွေ ပြောင်းပြန်ဖြစ်သွားပြီး ဒို့ ရဲ့ မိတ်ဆွေ ဒို့ ရဲ့ ကယ်တင် ရှင် အစစ်ဆိုတာ သူတို့ ပါလားလို့  ပြည်သူတွေသိကြတော့မှာပါ။ ဒါကို စစ်အစိုးရက အစိုးရိမ်ဆုံးဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်တွေက အမေရိကန်ကို မြန်မာ့ ရန်သူကြီးသဖွယ် မီးမောင်းထိုးပြပြီး သူ့ တပ်ကို လိမ်ညာဝါဒဖြန့် နေစည်းရုံးထားတာဖြစ်လို့ ပါပဲ။

               စစ်အာဏာရှင် ဗိုလ်နေဝင်းက တချိန်တုန်းက ဗ.က.ပ ကို မြန်မာလူထုကြီးရဲ့ ရန်သူအဖြစ် မီးမောင်းထိုးပြပြီး လူထုကို ဆွဲဆောင် စည်းရုံး ခဲ့သလို၊ ယခု န.အ.ဖ ဗိုလ်သန်းရွှေတို့ အုပ်စုကတော့ အမေရိကန်ကို ရန်သူအဖြစ်ပုံဖေါ်ပြီး သူ့ နိုင်ငံရေးအာဏာကို တည်မြဲဖို့  ကြိုးစားနေပါတယ်။ အခုလို အရေးပေါ်အခြေအနေမျိုးမှာတောင် အမေရိကန်ရဲ့ အကူအညီကို လက်ခံဖို့  တုံ့ ဆိုင်းနေခြင်းပဲ ဖြစ်ပါတယ်။ မလွှဲသာလို့  အကူအညီတွေကို လက်ခံတာတောင်မှ ပစ္စည်းပါပဲ။ ပစ္စည်းတွေကိုတောင် သူတို့ ဗိုလ်ချုပ်တွေ လှူဒါန်းတယ်ဆိုတဲ့ စာတန်းတွေ ပြောင်းလဲ ကပ်ထားပါတယ်လို့  ကြားနေရပါတယ်။

                ယခု မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေထဲမှာ အထိအနာဆုံးကတော့ ကျေးလက်ဒေသတွေပါပဲ။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေဟာ လမ်းပန်းဆက်သွယ်ရေးအရ ရှစ်ဆယ်ရာနှုန်းသည်လှည်းလမ်း၊ လှေလမ်းများပဲ ဖြစ်ပါတယ်။ သွားရေး လာရေး အင်မတန်ခက်ခဲပါတယ်။ ဒီလိုနေရာ မျိုးတွေကို အရေးပေါ် အချိန်မှီသွားရောက်နိုင်ဖို့ ဆိုတာ အလွန့်  အလွန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်းသိကြပါတယ်။ အရေး ပေါ်သွားဖို့ ဆိုရင် ဟတ်စကီး၊  ရဟတ်ယာဉ်၊ ဟယ်လီကော်ပတာတွေနဲ့ မှ သွားနိုင်မှာပါ။ စစ်အစိုးရမှာ လုံလောက်အောင် သုံးစွဲနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံခြားက ရဟတ်ယာဉ်တွေနဲ့  အရေးပေါ်ကူညီပါ့မယ်လို့  ကမ်းလှမ်းတာကို ငြင်းပယ်လိုက်ပြန်ပါတယ်။ မြန်မာပြည်သူတွေ သေချင်သေပါစေ ခင်ဗျားတို့  မဝင်ပါနဲ့ လို့ တုံ့ ပြန်လိုက်သလိုပါပဲ။

         စစ်အာဏာရှင်တို့ ရဲ့  ပြည်သူအပေါ်မှာထားတဲ့ စေတနာကိုတော့ နာဂစ်မုန်တိုင်းက သက်သေထူလိုက်ပါပြီ။   လူကိုလူလို့  မမြင်တဲ့စစ်အာဏာ ရှင်တို့ ရဲ့ ကောက်ကျစ်သော ယုတ်မာရက်စက်သော ကမ်းကုန်အောင်မိုက်မဲသော စကားလုံးပင်ရှာမရအောင်ဆိုးရွားသော စိတ်ဓါတ်ကို လူထုတရပ်လုံးက သိနေကြတာတော့ကြာပါပြီ။ ဒါပေမယ့် မလှန်နိုင်ကြပါဘူး။ မြန်မာနိုင်ငံသားတွေရဲ့  ကံကြမ္မာဟာ အင်မတန်ဆိုးရွားပြီး ဝမ်းနည်းစရာကောင်း လှပါတယ်။ မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေအုပ်စိုးပြီဆိုကတည်းက တနေ့ တခြား လုံးပါးပါးခဲ့ရပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်ဖြစ်ပြီး ပြည်သူတွေမှာ အဟာရမပြည့်၊ ရောဂါဖြစ်လည်းကုစရာမရှိနဲ့  နေ့ စဉ်မသေသင့်ဘဲ သေဆုံးနေသူတွေ ထောင်ဂဏန်းမျှရှိနေပါတယ်။ သားသမီးနဲ့ ကလေးငယ်လေးတွေကို ရောင်းစားရတယ်ဆိုတာ အဆန်းမဟုတ်တော့ပါ။ ထိုင်း၊ မလေးရှားနဲ့  စင်ကာပူတို့ မှာ မြန်မာမလေးတွေအများအပြား ပြည့်တန်ဆာလုပ်နေရတာလည်း အဆန်းမဟုတ်တော့ပါ။ အေအိုင်ဒီအက်စ် နဲ့ သေနေရသူတွေ၊ ရဲဘက်စခန်းတွေမှာ နေ့ စဉ်ထောင်နဲ့ ချီပြီး သေဆုံးနေသူတွေရှိနေတယ်ဆိုတာလည်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပါပြီ။ ကမ္ဘာကြီးမှာ အဆိုးဆုံးအခြေအနေရဲ့ အဆိုးဆုံး ကို ပြပါဆိုရင် မြန်မာပြည်ကိုပဲ ပြရပါလိမ့်မယ်။

                                                                                                                                                                 12.05.08.

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi