![]() |
||||||||||||||||||||||||||||||||||
|
အောင်ကျော်ဇော သို့ မဟုတ် မီဒီယာ သူရဲကောင်း
မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသောကာလကိုပြပါဆိုလျှင် “ နာဂစ် ” ဆိုင်ကလုန်းမုန်တိုင်းကာလ ပင်ဖြစ်ပါလိမ့်မည်။ တပုံတည်း လူပေါင်းသိန်းချီပြီးသေဆုံးခဲ့ရသလို လူပေါင်းသန်းချီပြီး လေဘေးဒုက္ခသည်များဘဝနှင့် အငတ်ဘေးကြီးဆိုက်နေကြရပါပြီ။ ဒီသတင်းဆိုးကြီးကို ကြားနေကြရတဲ့ နှလုံးသားရှိ လူသားတိုင်း အသက်ရှုရပ်မတတ် တုန်လှုပ်ချောက်ချားနေကြပါပြီ။ ဒီလို အခြေ အနေဆိုးမှာ နိုင်ငံတကာမှ မြန်မာ့လေဘေးဒုက္ခသည်တွေကို တကယ်တန်း ကူညီကယ်တင် နိုင်မယ့် နိုင်ငံကြီးတွေရဲ့ အကူအညီတွေကို မြန်မာ လူမျိုးစစ်စစ်များဖြစ်ကြတဲ့ မြန်မာစစ်အစိုးရက ပိတ်ပင်းဟန့် တား နှောက်ယှက်နေမှု့ အပေါ်အလေးဂရုမပြုတော့ဘဲ ကျန်ရစ်သူလေဘေးဒုက္ခသည် အပေါင်းရဲ့ အသက်တွေကို အချိန်မှီ ကယ်ဆယ်ဖို့ ကို လူသားချင်းစာနာထောက်ထားတဲ့ နိုင်ငံကြီးတွေက စဉ်းစားနေကြပါပြီ၊ တောင်းဆိုလာကြပါပြီ။ အချိန်ဆွဲလို့  မရတော့ပါဘူး။ စောင့်နေလို့ မရတော့ဘူးဆိုတာ သိနေကြပါပြီ။ ဒီအချိန်မှာ ပြည်ပ မီဒီယာကြီးများဖြစ်ကြတဲ့ VOA, BBC, RFA နဲ့  DVB အသံလွှင့်ဌါနကြီးတွေကလည်း ကြိုးကြိုးစားစား ဆောင်ရွက်လာ ကြတာတွေ ကြားနေရပါတယ်။ သတင်းတွေအပြင် ဒုက္ခသည်များ အခြေအနေ နိုင်ငံတကာရဲ့ အကူအညီ မြန်မာစစ်အစိုးရရဲ့ ရပ်တည်ချက်၊ ကုလသမဂ္ဂ နဲ့  နိုင်ငံကြီးတွေ၊ နိုင်ငံလေးတွေရဲ့ ရပ်တည်ချက်နဲ့  သဘောထား၊ ဒုက္ခသည်များအတွက် အရေးပေါ်ကူညီရေးပြဿနာ ဒါတွေကို ပြည်သူတွေနဲ့  ကမ္ဘာကသိအောင် အင်တာဗျူးတွေ အမျိုးမျိုးလုပ်ပြီး အသံလွှင့် ပေးနေတာတွေလည်း နေ့ စဉ်ကြားနေကြရပါတယ်။ အဲဒီလို အင်တာဗျူးတွေ ဆွေးနွေးခန်းတွေ အများအပြားထဲမှာမှ တအံတသြကြားလိုက်ရတာကတော့ (16.05.08) သောင်္ကြာနေ့ က DVB ရဲ့ အင်တာဗျူးခန်းတခုမှာ တရုတ်မြန်မာနယ်စပ်မှ စစ်ရေးအကဲခတ် ပုဂ္ဂိုလ် “ ဦးအောင်ကျော်ဇော ” ပြောကြားသွားတဲ့ စကားတွေပဲဖြစ်ပါတယ်။ ဦးအောင်ကျော်ဇောရဲ့ အသံကိုက ဒုက္ခသည်တွေအပေါ်ဂရုဏာသက်ပြီး အကူအညီတွေကို ဟန့် တားနေသူတွေကို ဒေါသဖြစ်နေပုံလည်း ရပါတယ်။ အင်တာဗျူးကခဏလေးပါ။ ဒါပေမယ့် ဦးအောင်ကျော်ဇောရဲ့ လိုတိုရှင်းနဲ့  ထိထိရောက်ရောက်၊ ဂဃနဏ ပြောနိုင် ပြောရဲတဲ့ စကားတွေဟာ ကြားရသူတွေ အဖို့  တန်ဖိုးရှိလှပါတယ်။ ဦးအောင်ကျော်ဇောရဲ့ စကားတွေထဲက အဓိက အချက်တွေ ကတော့ မြန်မာစစ်အစိုးရရဲ့ အမေရိကန်နှင့် တကွ အနောက်အုပ်စုက ကူညီကယ်ဆယ်ရေး အဖွဲ့ တွေကို လက်မခံငြင်းပယ်နေခြင်းမှာ အချက်နှစ်ချက် ရှိတယ်လို့  ထောက်ပြပါတယ်။ ပထမအချက်က အမေရိကန်နှင့် အနောက်အုပ်စုက ကယ်ဆယ်ကူညီရေးအဖွဲ့ တွေ ဝင်လာရင် မြန်မာပြည်သူတွေက သူတို့ သည် မိတ်ကောင်းဆွေကောင်း ကယ်တင်သူတွေလို့  မြင်မှာကို စစ်အစိုးရက လုံးဝ မလိုလားပါဘူးဆိုတဲ့ အချက်။ ဒုတိယအချက်က နိုင်ငံခြားသားတွေက ပြည်သူတွေ ဒုက္ခသည်တွေရဲ့ အဖြစ်မှန်ဘဝမှန်တွေကို သိရှိသွားရင်လည်း အစိုးရ လိမ်ညာထား သမျှတွေ ပေါ်ကုန်မှာစိုးတာက တချက်။ ဒီ နှစ်ချက်ကြောင့် န.အ.ဖ က အပြင်းအထန် ငြင်းဆန်နေတာပါလို့  အဓိကသော့ချက်ကို ထောက်ပြ သွားပါတယ်။ နောက် စစ်အစိုးရမှာ ရဟတ်ယာဉ်တွေ အစီးတစ်ရာလောက်ရှိပါတယ်။ မသုံးချင်လို့  မသုံးတာပါတဲ့။ ပြည်သူတွေ သေတာကို အစိုးရက ဂရုမစိုက်ပါဘူး။ အမေရိကန်က ရဟတ်ယာဉ်တွေပေးလည်း အရှက်မရှိ ယူမှာပါပဲ။ ဒါပေမယ့် ပြည်သူ့ အတွက် မသုံးပါဘူး။ တရုတ်လူမျိုးတွေ ဝင်ပြီးကူညီရင်လည်း ဗမာက လက်မခံမဲ့အပြင် ဓါးနဲ့ တောင်ခုတ်ပါလိမ့်မယ်။ အမေရိကန်က အတင်းဝင်ပြီး ကူညီရင်ကောင်းတာပေါ့ဗျာ။ မြန်မာတွေ အပေါ်မှာ တရုတ်နဲ့ ရုရှားက တကယ့် လူယုတ်မာတွေ၊ အမေရိကန်တွေဝင်မှာကို သူတို့ မလိုလားဘူး။ မြန်မာတွေ ဘယ်လောက်သေသေ ပေါ့ဗျာ။ အာစီယံ နိုင်ငံတွေကလည်း လူယုတ်မာတွေပဲ တရုတ် နဲ့  ရုရှ ပြီးတော့ အာစီယံနိုင်ငံတွေလဲ ယုတ်မာတာပဲ။ အဲဒီလို မှန်မှန်ကန်ကန် အချက်အလက်တွေကို ရဲရဲဝံ့ဝံ့ထောက်ပြ ပြောဆိုအင်တာဗျူးလိုက်တဲ့ အသံဟာ ကမ္ဘာတည်သ၍ မပျောက်ပျက် နိုင်တော့ပါဘူး။ “ ဦးအောင်ကျော်ဇော ” လို သတ္တိရှိတဲ့ ပြည်သူတွေကို မှန်မှန်ကန်ကန် သတင်းပေးဝေဖန် ထောက်ပြနိုင်တဲ့ သူရဲကောင်းတွေ အများကြီး ပေါ်ပေါက်လာပါစေလို့  ဆန္ဒပြုရင်း ဦးအောင်ကျော်ဇော ကို “ မီဒီယာ သူရဲကောင်း ” လို့  ဂုဏ်ပြုလိုက်ပါတယ်။
17.05.08 လင်းရောင်ခြည် |
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||