မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

 ပဲ့တင်သံ

     ၂၀၀၈ ခု ဇွန်လ ၂၀ ရက် (သောကြာနေ့ - ညပိုင်း) ဘီဘီစီမှ ဦးမောင်မောင်သန်း စီစဉ်တဲ့ မြန်မာ့အရေး၊ ကမ္ဘာ့အရေး ကဏ္ဍကို နားထောင်ပြီး မြန်မာနိုင်ငံသား သောတရှင်တယောက်အနေနဲ့  ဒီလိုမြင်ပါသည်။

                   ဆွေးနွေးကြတာက နာဂစ် အပြီး မြန်မာ့နိုင်ငံရေးကို ဘယ်လိုဆက်သွားကြမလဲ။ NLD ရဲ့ အထူးကြေငြာချက်နဲ့  ပါတ်သက်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီချုပ်က ပြောရေးဆိုခွင့်ရှိသူ ရှေ့ နေကြီး ဦးသိန်းညွန့် နဲ့ နယ်စပ်ရောက် ခေတ်ပြိုင်သတင်းစာ ပင်တိုင် ဆောင်းပါးရှင် ဒေါက်တာလွဏ်းဆွေတို့  ပါဝင်ဆွေးနွေးကြပါတယ်။

                  ရေဒီယိုမှာတော်တော်များများ နားထောင်ပြီးကြပြီဖြစ်လို့  အခြေအတင်ပြောစကားတွေအတိုင်း မတင်ပြလိုတော့ပါ။ သူတို့ ဆိုလိုချက်တွေကိုပဲ ကျွန်တော်နားလည်သလို ပြန်လည်တင်ပြတာပါ။

              ဒီချုပ်လူကြီး ဦးသိန်းညွန့် ရဲ့ စကားတွေကို ချုပ်လိုက်ရင် နာဂစ်အပြီး မြန်မာ့နိုင်ငံရေးသည် အလှည့်အပြောင်းတခု မုချလိုအပ်နေပါသည်။ ပြည်သူလူထုရဲ့ အခြေအနေသည် ကြီးမားသော အကျပ်အတည်းကြီး နှင့် ရင်ဆိုင်နေရသည့်အပြင်၊ အလွန် ဆိုးရွားသော အခြေအနေသို့  ရောက်လာပါတော့မည်။ ဒါကြောင့် ဒီအကျပ်အတည်းကြီးကို ဖြေရှင်းကျော်လွားနိုင်ရန် ၁၉၉၀ ခုနှစ် ရွေးကောက်ခံပြည်သူ့ ကိုယ်စားလှယ်များကို လွှတ်တော်ခေါ်ပေးရန် ဖြစ်သည်။ နာဂစ်အတွက် ကုဋ္ဋေပေါင်းများစွာဆုံးရှုံးခဲ့ပါသည်။ ဒါတွေကို ဖြည့်ဆည်းဖို့  နိုင်ငံတကာ အကူအညီတွေလိုအပ်နေပါသည်။ ဒါတွေအားလုံးဖြေရှင်းဖို့ အတွက် လွှတ်တော်ခေါ်ပေးပါရန်။

             သွေးချောင်းစီးမှု့ အနည်းဆုံးလမ်းနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးဘောင်အတွင်းက ယခုအချိန်အထိ ဥပဒေနဲ့  အညီ လွှတ်တော်ခေါ်ပေးရမယ်ဆိုတဲ့ အခြေခံအပေါ်မှာသာ ကျွန်တော်တို့  ရပ်တည်သွားမှာဖြစ်ပါကြောင်း၊ ဦးသိန်းညွန့် က ဆိုပါသည်။  ဆက်လက်၍ နိုင်ငံတကာက လေဘေးအတွက် ဖြစ်တဲ့နည်းနဲ့ ဝင်ရောက် ကူညီပေးပါရန် ပြောဆိုပြီး ဖြစ်ပါသည်။                       

               ဦးသိန်းညွှန့် ရဲ့ စကားတွေကို ထပ်ပြီးချုပ်လိုက်ရင်

               (၁) လွှတ်တော် ခေါ်ပေးပါ။

               (၂) နိုင်ငံတကာမှ ဝင်ရောက်ကူညီပါဆိုတာ (ပြောပြီးခဲ့) ။

               (၃) ယခုအချိန်အထိ ဥပဒေနဲ့  အညီရပ်တည်နေ။

             ဒေါက်တာလွဏ်းဆွေရဲ့ ဆွေးနွေးချက်တွေကို ကြည့်လိုက်ရင် NLD ၏ ဇွန် ၁၈ ရက်နေ့ ကြေငြာချက်သည် အလွန်နောက် ကျနေပါပြီ၊ နိုင်ငံတကာအကူအညီတွေကို ဖြစ်တဲ့နည်းနဲ့  အတင်းဝင်ရောက်ပေးပို့  ကူညီရန်ကို အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ် ကယ်ဆယ်ရေးသဘောင်္တွေ မြန်မာ့ရေပိုင်နက်အနီး ဆိုက်ကပ်ထားစဉ်မှာ ပြင်းပြင်းထန်ထန်တောင်းဆိုသည့် ကြေငြာချက်ကိုထုတ် သင့်ပါသည်။ ယခုလည်းထုတ်လို့ ရပါသည်။ အမေရိကန်ဒုကာကွယ်ရေးဝန်ကြီးက ကူညီဖို့ ရန် အသင့်ပင်ရှိနေပါသည်ဟု ပြောထားကြောင်း။ ဟိုယခင်က NLD ၏ နိုင်ငံတကာမှ ကူညီပါရန်တောင်းဆိုချက်သည် ယေဘူယျဆန်ကြောင်း။

           NLD ၏ လွှတ်တော်ခေါ်ပေးရန် အထူးကြေငြာချက်သည် ဘာမှပိုပြီးမထူးပါ။ ၁၈ နှစ်အတွင်း ဒီလိုမျိုးတောင်းဆိုကြေငြာ ချက်တွေ အကြိမ်ကြိမ်ရှိခဲ့ပါသည်။ န.အ.ဖ မှ မလိုက်လျှောသည့်အပြင် ပိုပြီးတရားဥပဒေမဲ့ နှိမ့်ကွပ်လာနေသည်မှာ အထင်အရှား ဖြစ်နေပါသည်။ ဒါကြောင့် NLD လူကြီးများသည် စွန့် စွန့် စားစားဖြင့် ကိုယ်ဖာသာ လွှတ်တော်ခေါ်ဖို့ လိုအပ်နေပါသဖြင့် တိုက်တွန်း ပါသည်။ NLD သည် ဒီလိုပဲ ကြေငြာချက်တွေထုတ်ပြီး စောင့်နေမည်ဆိုလျှင် လူထုကြီးမှာ အတွင်းကြေ ကြေပြီး နစ်မွန်းကြရတော့ မည်ဖြစ်ပါသည်။

         မြန်မာပြည်အတွက် လိုအပ်နေသော အကူအညီသည် ကုလသမဂ္ဂ၊ အာစီယံတို့ လောက်နှင့် မလုံလောက်နိုင်ပါ။ လူထုက မျှော်လင့်နေတဲ့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ် သင်္ဘောတွေ ဝင်ရောက်ကြဖို့ ကို ပြည်ပရောက် ဒီမိုကရေစီရရှိရေး အတိုက်အခံ အဖွဲ့ အစည်းများမှလည်း လော်ဘီတွေလုပ်ပြီး ပြင်းပြင်းထန်ထန်တောင်းဆိုသင့်ကြောင်းကို ဒေါက်တာလွဏ်းဆွေမှ တင်ပြဆွေးနွေး ခဲ့ပါသည်။ နောက်ဆုံးမှာ နာဂစ်အပြီး လူထုရဲ့ အကြပ်အတည်းမှာ ပိုမိုကြီးထွားလာနိုင်ပြီး အုံကြွပေါက်ကွဲမှု့ ကြီး ဖြစ်လာနိုင်ပါသည်။ လူထု၏ ဒေါသသည် န.အ.ဖ အပေါ်သာမက NLD လူကြီးတွေ၏ အပေါ်ကိုပါကျရောက်လာပြီး ကြီးမားတဲ့ သွေးထွက်သံယိုမှု့ ကြီး ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါက်တာလွဏ်းဆွေက တင်ပြလိုက်ပါသည်။

        ဒေါက်တာလွဏ်းဆွေ၏ တင်ပြချက်များကို အနှစ်ချုပ်လိုက်သော်

         (၁) NLD ၏ ဇွန် ၁၈ ရက် အထူးကြေငြာချက်သည် နောက်ကျနေပြီ။

         (၂) အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် သင်္ဘောတွေရှိနေစဉ် ပြင်းပြင်းထန်ထန် မတောင်းဆိုခဲ့။

         (၃) လွှတ်တော်ခေါ်ပေးရန် ကြေငြာချက်သည် မရေရာသော ဓါတ်ပြားဟောင်းကြီးကို အကြိမ်ကြိမ်ဖွင့်နေခြင်းသာဖြစ်သည်။

         (၄) NLD လူကြီးများ စွန့် စွန့် စားစား ကိုယ့်ဘာသာလွှတ်တော်ခေါ်ပါ။

         (၅)  စောင့်နေလျှင် လူထုနာသထက်နာမည်၊ ပေါက်ကွဲမှု့ ဖြစ်ပြီး NLD လူကြီးများ အပေါ်သို့  လူထုဒေါသ ကျရောက်နိုင်သည်

         (၆) ပြည်ပရောက်အတိုက်အခံများ ပြင်းထန်စွာ လော်ဘီလုပ်ရန်၊ သင်္ဘောများဝင်ရန်တောင်းဆိုသင့်သည်။

                       အထက်ပါပုဂ္ဂိုလ်နှစ်ဦးရဲ့ စကားတွေကို သုံးသပ်ကြည့်တဲ့အခါမှာ ဦးသိန်းညွှန့် ရဲ့စကားတွေက ယေဘူယျဆန်ပြီး ခိုင်မာပြတ်သားတဲ့လမ်းစဉ်နဲ့  ဆောင်ရွက်လှုပ်ရှားနေတဲ့ ခေါင်းဆောင်ပိုင်းနိုင်ငံရေးသမားတဦးရဲ့ အသံမျိုးမဟုတ်ဘဲ ထမင်းရေပူ လာလျှာလွှဲပြောတတ်တဲ့ သာမန်ရှေ့ နေစကားမျိုးတွေဖြစ်နေတာတွေ့ ရပါတယ်။ ကယ်ဆယ်ရေး စစ်သင်္ဘောတွေကို ပြင်းထန်တဲ့ ကြေငြာချက်တွေထုတ်ပြီး မခေါ်တဲ့ကိစ္စကို NLD လူကြီးများအနေနဲ့  ငြင်းချက်မထုတ်နိုင်တော့ပါဘူး။ ဒါဟာ နိုင်ငံရေး ရှု့ ထောင့်ကပဲကြည့်ကြည့် လူမှုရေးနဲ့ အမျိုးသားရေး ရှု့ ထောင့်ကပဲကြည့်ကြည့် သမိုင်းအကွေ့ အကြောင်းတခုမှာ အမှားကြီးတခု ကျူးလွန်လိုက် တာပဲလို့  စွတ်စွဲမယ်ဆိုရင် NLD လူကြီးတွေဘယ်လိုချေပ နိုင်မလဲ။ ပြည်သူကို ဘယ်လိုရှင်းလင်းနိုင်မလဲ။

                       မရေရာတဲ့ လွှတ်တော်ခေါ်ပေးရေးတောင်းဆိုမှု့ သည်လည်း လူထုအတွက် လုပ်ရမယ့်အလုပ်ကို လုပ်နေတာ လား။ ဒါမှမဟုတ် ပါတီအတွက် ပုဂ္ဂိုလ်တဦးတယောက်အတွက်၊ လူကြီးတစုအတွက် လုပ်သင့်တဲ့ အလုပ်ကို လုပ်နေတာလားလို့  မေးခွန်းထုတ်ရင်ဘယ်လိုဖြေကြမလဲ။ ကျွန်တော်တို့ က သွေးချောင်းမစီးတဲ့ လမ်းစဉ်ကိုပဲ ကျင့်သုံးနေပါတယ် ဆိုတဲ့ အဖြေသည် နိုင်ငံရေးခေါင်းဆောင်ဆိုသူများရဲ့ လုံလောက်တဲ့ အဖြေဖြစ်နေပြီလား။

                        ဒေါ်အောင်ဆန်းစုကြည် မလှုပ်ရှားနိုင်တဲ့ အကျဉ်းကျခံနှစ်တွေအတွင်း ကျန်သော NLD ခေါင်းဆောင်များက ပါတီမပျက်ရုံထိမ်းထားနိုင်တာနဲ့ နိုင်ငံရေးတာဝန်ကျေပြွန်နေကြပြီလား။  န.အ.ဖ သည် မရေရာတဲ့ ကြေငြာချက်လေက်ကိုထုတ်နေ တဲ့ NLD က နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို မဖမ်း မချုပ်ပဲနိုင်ငံရေးအမြတ်ထုတ်ပြီး သူ့ ကိုယ်သူ ခိုင်မာကြီးထွားအောင် လုပ်နေ တာမျိုးဖြစ်မနေဘူးလား။

                     အမေရိကန်ကို ရန်သူလို့ မီးမောင်းထိုးပြနေတဲ့ န.အ.ဖက အမေရိကန်ကူညီရေးသင်္ဘောကို အဝင်မခံဘဲ ဆန့် ကျင်နေသလို NLD ကလဲ အတင်းအကြပ် မတောင်းဆို မဖိတ်ခေါ်ခြင်းသည် အမေရိကန်ကို မလိုလားတဲ့  န.အ.ဖ ရဲ့ သဘောထားနဲ့ တထပ်တည်းရပ်တည်နေကြပြီလားလို့  မေးရင် NLD လူကြီးတွေ ဘယ်လိုဖြေကြမလဲ။

                       ဒေါက်တာလွဏ်းဆွေရဲ့  ဆွေးနွေးချက်တွေကို သုံးသပ်မိတာကတော့ ဖြစ်ရပ်တွေရဲ့ ပကတိအခြေအနေတွေကို လက်တွေ့ ကျကျတင်ပြ တောင်းဆိုတာကို တွေ့ ရပါတယ်။ NLD ရဲ့ အထူးကြေငြာချက်သည် နောက်ကျနေတယ်။ လွှတ်တော်ခေါ် ပေးရန် တောင်းဆိုမှု ကလည်း လက်တွေ့ မကျတဲ့ ဓါတ်ပြားဟောင်းကို ဖွင့်နေတယ်ဆိုတာ NLD လူကြီးတွေ မငြင်းနိုင်ပါဘူး။ NLD ပါတီ မပျောက်မပျက်ရှိနေရုံ၊ ထိမ်းထားတာလောက်ဆိုရင် တိုင်းပြည်အတွက် အန္တရယ်ကြီးနေပါတယ်။ ဘာကြောင့်လဲဆိုရင် န.အ.ဖ သည် သူအသေရိုက် မသတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်ဖို့  အတိုက်အခံပြရုပ်ကလေးတခုကို မွေးထားသလို ဖြစ်နေပြီိလို့  ယူဆလို့ ရပါတယ်။

                             ဒါကြောင့် NLD ခေါင်းဆောင်ကြီးတွေသည် မိမိတို့ ချမှတ်ထားတဲ့ လမ်းစဉ်ကို ယုံယုံကြည်ကြည် လိုက်နာ ကျင့်သုံးဖို့  ပြန်လည်စဉ်းစားသင့်ပါတယ်။ ဒေါက်တာလွဏ်းဆွေရဲ့ တင်ပြချက်သည် ဒီအချက်ကို လိုက်နာတဲ့ အနေနဲ့  ဆောင်ရွက်ရမယ့် လွှတ်တော်ခေါ်ရေးကို မိမိတို့ ဘာသာပြုလုပ်ပါလို့  တောင်းဆိုတာပါ။ NLD က ကိုင်စွဲထားတဲ့ အကြမ်းမဖက်တဲ့ နည်းဆိုတာ ခေါင်းဆောင်ကြီးများက ရှေ့ တန်းက အသေခံရမယ်။ အဖမ်းအချုပ်၊ အနိုပ်အစက်ခံကြရမယ်။ အထက်ခေါင်းဆောင်အဆင့်ဆင့်က ဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးက သူတို့ ပဲ ဒီနည်းအတိုင်းအဖမ်းခံမယ်။ ကျန်တဲ့ လူတွေအဖမ်းမခံရအောင်နေပါ။ ပါတီမပျက်ဖို့ ပဲ အရေးကြီးတယ်လို့  ပြောထားကြလို့ လားလို့ NLD လူကြီးတွေကို မေးခွန်းထုတ် လိုက်သလို ဒေါက်တာလွဏ်းဆွေရဲ့ စကားက နက်ရှိုင်းလှပါတယ်။

                          NLD လူကြီးတွေ မရေရာတဲ့ ကြေငြာချက်လောက်ထုတ်ပြီး ဘာမှထိထိရောက်ရောက် မလှုပ်ရှားပဲ ဒီလိုပဲ န.အ.ဖ ရဲ့ သဘောတူ လိုက်လျှောမှု့ ကို စောင့်နေကြမယ်ဆိုရင် မြန်မာပြည်သူတွေ နာသထက်နာ၊ အတွင်းကြေ ကြေပြီး ပိပြားချပ် ဘဝကို ရောက်ရတော့မယ်လို့  သတိပေးချက်သည် အင်မတန် မှန်ကန်တဲ့ သတိပေးချက်ပါ။ တချိန်ချိန်မှာ လူထုရဲ့ အုံကြွပေါက်ကွဲမှု့ ကြီးဖြစ်ရင်တောင် န.အ.ဖ ကိုတင်မကဘဲ  NLD လူကြီးတွေကိုပါ ဒေါသမီး ကျရောက်နိုင်တယ်ဆိုတာလည်း NLD လူကြီးတွေ လေးလေးနက်နက် ဂရုပြုရမယ့် အချက်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် လူထုက နင်တို့ ကို ယုံပြီး ပုံမိလို့  ငါးပါးကြီး မှောက်ခဲ့ တယ်လို့  မြင်သွားရင် NLD ရဲ့ သမိုင်းသည် ညှိုးနွမ်းသွားနိုင်ပါတယ်။

                        နောက်ဆုံးမှာ ဒေါက်တာလွဏ်းဆွေ တင်ပြသွားတာက ပြည်ပရောက်ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အဖွဲ့ အစည်း တွေက ကယ်ဆယ်ရေးသင်္ဘောတွေ ဝင်ရောက်ရေးအတွက် ပြင်းထန်တဲ့ တောင်းဆိုမှု့ တွေ၊ လော်ဘီတွေလုပ်ကြဖို့  ဖြစ်ပါတယ်။ ဒါက ပြည်ပရောက် နာမည်အမျိုးမျိုးနဲ့  အဖွဲ့ အစည်းတွေသည် ပြည်သူ အတွက်အဓိကလုပ်ရမယ့်အလုပ်ကို မလုပ်လို့ ပြောခြင်း ဖြစ်ပါတယ်။

                      ဒီအချက်သည် ပြည်တွင်းက NLD ခေါင်းဆောင်တွေ၊ ပြည်ပက အဖွဲ့ အစည်းခေါင်းဆောင်တွေဟာ အမေရိကန် ကယ်ဆယ်ရေး သင်္ဘောတွေကို အတင်းဝင်ရောက်ဖို့  မခေါ်တဲ့အချက်မှာ တူညီနေတာကို  မြင်သာပါတယ်။ န.အ.ဖ ကလည်း ဒီသဘောပါပဲဆိုတော့ တိုက်ဆိုင်မှု့ သည် အကူအညီကို အထူး လိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် စဉ်းစားစရာ  အချက်ကြီးတခု ဖြစ်နေပါသည်ဟု သုံးသပ်တင်ပြလိုက်ပါကြောင်း။          ။

                                                                                                               

                                                                                                                  မင်းကြီး

                                                                                                             သရေခေတ္တရာ

                                                                                                                                                                                                                                                                                                         

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi