![]() |
||||||||||||||||||||||||||||||||||
|
“ အသုံးမကျတဲ့လူ ” လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။
ဘာဖြစ်လို့
ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ်
၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိ ● သူများ ရေးသမျှ၊ ပြောသမျှ ထဲမှ မိမိကြိုက်နှစ်သက်သော ဟာသများကို ပြန်လည် ဖောက်သယ်ချပါသည်။ အော်စကာ
........................................................................................
ပြည်သူအားလုံးပျော်နိုင်ဖို့ 
တစ်ခါက
နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
သူများ ရေးသမျှ၊ ပြောသမျှ ထဲမှ မိမိကြိုက်နှစ်သက်သော ဟာသများကို ပြန်လည် ဖောက်သယ်ချပါသည်။ အော်စကာ
.................................................................................
ဖိုင်နယ်ပွဲ
အဘယ်ကြောင့် ဤမျှ အကောင်းမြင်စိတ်ထား ထားရသနည်း ဆိုသည်ကို ဂျူးတယောက်အား မေးသည်။ “ ကျွန်တော်တို့  လူမျိုးရဲ့  သမိုင်းက ကျွန်တော်တို့ ကို အကောင်းမြင်တတ်ဖို့  သင်ထားလို့ ပါ ” “ ဘာလဲ ခင်ဗျားတို့ သမိုင်းက ကြေကွဲစရာကောင်းလို့ လား ” “ ဘာဖြစ်လို့  ကြေကွဲစရာကောင်းရမှာလဲ၊ အီဂျစ်ဖာရောက် ဘုရင်တွေ ရှိခဲ့တယ်၊ ဂျူးတွေလည်း ရှိခဲ့တယ်၊ အခု ဖာရောက်တွေ မရှိတော့ဘူး၊ ဂျူးတွေ ကျန်တယ် ” ရှေးခေတ်က ဂရိတွေ၊ ဂျူးတွေ ရှိခဲ့တယ်၊ ဟိုခေတ်က ဂရိတွေ အခုမရှိဘူး၊ ဂျူးတွေ ကျန်တယ်။ ဇာဘုရင်တွေ၊ ဂျူးတွေ ရှိခဲ့တယ်၊ အခု ရုရှားမှာ ဇာဘုရင် စနစ်မရှိတော့ဘူး၊ ဒါပေမယ့် ဂျူးတွေ ကျန်တယ်။ ဟစ်တလာ ရှိခဲ့တယ်၊ ဂျူးတွေ ရှိခဲ့တယ်၊ အခု ဟစ်တလာ မရှိဘူး၊ ဂျူးတွေ ရှိနေတယ်။ စတာလင် ရှိခဲ့တယ်၊ ဂျူးတွေ ရှိခဲ့တယ်၊ အခု စတာလင် မရှိတော့ဘူး၊ ဂျူးတွေ ကျန်နေတုန်းပဲ။ သမ္မတနတ်ဆာနဲ့  ဂျူးတွေ ရှိခဲ့တယ်၊ နတ်ဆာ မရှိတော့ဘူး၊ ဂျူးတွေ ကျန်နေသေးတယ်။ အခု ကမ္ဘာ့ကွန်မြူစနစ်နဲ့  ဂျူးတွေဆိုပြီး ရှိနေတယ်။ “ ခင်ဗျား နိမိတ်ပြစကား ပြောတာလား ” “ မဟုတ်ပါဘူး၊ ကျွန်တော်တို့  အခု ဖိုင်နယ်အဆင့်ကို ရောက်နေပြီဆိုတာကို ပြောချင်တာပါ ” Ò
သူများ ရေးသမျှ၊ ပြောသမျှ ထဲမှ မိမိကြိုက်နှစ်သက်သော ဟာသများကို ပြန်လည် ဖောက်သယ်ချပါသည်။ အော်စကာ
.............................................................................................
သိကြားမင်းတောင် လက်မြှောက်တယ်
သမ္မတသုံးဦး သိကြားမင်းထံ ရောက်လာကြသည်။ ပြင်သစ်သမ္မတက ပထမဆုံးမေးခွန်း မေးသည်။ “ ကျွန်တော်တို့ ဆီမှာ ဘယ်တော့လောက် အလုပ်လက်မဲ့ ပြဿနာ ပပျောက်မလဲ ခင်ဗျာ” သိကြားမင်း အတန်ကြာ စဉ်းစားပြီးနောက် အဖြေပေးသည်။ “ နောက် နှစ်ပေါင်း ၁၀၀-ကြာရင် ပ ပျောက်မယ် ” “ဒီအထိတော့ ကျွှန်တော် အသက်ရှည်မှာ မဟုတ်ဘူး ” ဟု ပြင်သစ်သမ္မတက ပြောသည်။ အမေရိကန်သမ္မတက မေးသည်။ “ ကျွန်တော်တို့ ဆီမှာ မေးဖွားနှုန်းများနေတာ ဘယ်တော့ရပ်တန့်မလဲ ခင်ဗျာ ” သိကြားမင်း အတန်ကြာ စဉ်းစားပြီး ဖြေသည်။ “ နောက် နှစ် ၁၀၀- ကြာတဲ့ အခါမှာ ” “ ဒီလောက်အထိ ကျွန်တော် အသက်ရှင်မှာ မဟုတ်ပါဘူး ” ဟု အမေရိကန် သမ္မတက ပြောသည်။ ရုရှားသမ္မတက နောက်ဆုံးမေးသည်။ “ ကျွန်တော်တို့ ဆီမှာ ဘယ်တော့လောက် ကွန်မြူနစ်စနစ် အောင်မြင်မှာလည်း ခင်ဗျာ ” သိကြားမင်း အချိန်ယူ စဉ်းစားသည်။ နောက်ဆုံး စိတ်ပျက်သံဖြင့် ဖြေသည်။ “ အဲဒီအထိ ကျုပ်အသက်ရှည်မှာ မဟုတ်ပါဘူး ”
သူများ ရေးသမျှ၊ ပြောသမျှ ထဲမှ မိမိကြိုက်နှစ်သက်သော ဟာသများကို ပြန်လည် ဖောက်သယ်ချပါသည်။ အော်စကာ
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||