![]() |
||||||||||||||||||||||||||||||||||
|
ယခုခေတ်တွင် အလိုအပ်ဆုံးသော အရည်အချင်းမှာ အမှန်ကိုသာအစဉ်အမြဲပြောရန်ကြိုးပန်းခြင်း၊ အကယ်၍ မသေချာပါက မသေချာကြောင်း ဝန်ခံပြောဆိုတတ်ခြင်း၊ မသိလျှင် သိချင်ယောင်မဆောင်တတ်ခြင်း၊ ပွင့်လင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ငြင်းခုန်ရာတွင် မတရားသဖြင့် အခွင့်အရေးမယူတတ်ခြင်း တဘက်သား၏ ပြောကြားချက်များကို အဓိပ္ပါယ်ကောက်မလွဲရန် ဂရုစိုက်ခြင်း၊ တဘက်သား၏ အားသာချက်ကို အသိအမှတ်ပြုသကဲ့သို့ ကိုယ့်ဘက်က အားနည်းချက်များကိုလည်း သိရှိထားခြင်း ဤကားအမှန်တရား.........
Sir Richard Livingstone
.........................................................................................................
“ ဖိနပ်နှင့် မတော်၍ ဖနောင့်ကိုလှီးသည့် အယူအဆ ”
လူတန်းစားရှိလျှင် လူတန်းစားပဋိပက္ခရှိမည်။ လူတန်းစားမရှိလျှင် လူတန်းစားပဋိပက္ခမရှိနိုင်။ လူတန်းစားပဋိပက္ခမရှိလျှင် လူ့လောကကြီးသာယာမည်။ ဒါကြောင့် လူတန်းစား ပပျောက်အောင် နည်းစနစ်တခု ကြံဆရှာဖွေ ထူထောင်ရမည် ဟူသော အယူအဆကို ယုံကြည်သည့် အချို့ သော လူ့သမဂ္ဂတို့သည် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် နှစ်ပေါင်း ၉၀ ကျော်ကြာမြင့်လာသော်လည်း သူတို့မျှော်မှန်းသလို သူတို့လူ့သမဂ္ဂကြီးမှာ သာယာဝပြောမှု ဖြစ်မလာဘဲ စိတ်ပျက်ငြီးငွေ့စရာ၊ ဆင်းရဲခြင်းများဖြင့်သာ ရင်ဆိုင်လာကြရတော့သည်။ သို့ဆိုလျှင် လူတန်းစားမဲ့ လူ့ဘောင်တည်ဆောက်ရေး စိတ်ကူးယဉ်မှုသည် လူသားများစွာကို ဒုက္ခကြီးပေးခဲ့ပါလားဟု သမိုင်းသင်္ခန်းစာ ယူကြရန်သာဖြစ်ပါသည်။ လူ့လောကကြီးမှာ လူလူချင်း၊ သဘာဝအားဖြင့် မတူညီပါ။ ကာယအား၊ ဥာဏအား၊ ဝိရိယအားတို့သည် အလိုအလျောက်ပင် ကွဲပြားမှုရှိနေကြပါသည်။ ထိုမတူညီမှုအပေါ် မူတည်ပြီး လူ၏ အတန်းအစားများက သဘာဝအရကွဲပြားလာကြစမြဲပင် ဖြစ်ပါသည်။ လူတန်းစားဖြစ်ပေါ်လာမှုကြောင့် လူတန်းစားပဋိက္ခသည် အလိုအလျောက်ဖြစ်တည်လာသည် မဟုတ်ပါ။ ထိုမတူညီသော လူတန်းစားအကြားတွင် ချောမွေ့သော လူမှုဆက်ဆံရေးနည်းစနစ်တခုကို မတည်ဆောက်နိုင်ခဲ့ကြ၍ ပဋိပက္ခများ ဖြစ်ပေါ်လာကြသည် ပင်ဖြစ်ပါသည်။ လူ လူချင်းဖြစ်သော ပဋိပက္ခမျာကို လူတန်းစားပဋိက္ခအဖြစ် အသွင်ပြောင်းလက်ခံကာ လူတန်းစား ပပျောက်ရေးကို ဆောင်ရွက်သူများသည် ပုံစံတမျိုးတည်း ဖိနပ်များကို ထုတ်လုပ်ပြီး ဖိနပ်နှင့် မတော်သော ဖနောင့်များကို လှီးဖြတ်ပစ်နေသူများသာ ဖြစ်နေပါသည်။ လူ လူချင်းဖြစ်နေသော ပဋိပက္ခများကို လူတန်းစားပဋိပက္ခဟု မမြင်ဘဲ၊ လူမှုဆက်ဆံရေး ပဋိပက္ခဟုမြင်ကာ နှစ်ဦးနှစ်ဘက် ကျေနပ်လက်ခံနိုင်အောင် “ ဆက်ဆံရေးနည်းစနစ် ” အသစ်တခုကို ယနေ့လူသားတို့ ရှာဖွေဖော်ထုတ်ပြီး ကျင့်သုံးစပြုနေကြပါပြီ။ ဤသည်ပင်လျှင် “ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ” ၏ အခြခံသဘောတရားပင် ဖြစ်ပါကြောင်း ။ ။
ဦးဖိုးသာအောင် နော်ဝေ
................................................................................................
· ပညာကို ဆုံးခန်းတိုင်ရှာမှီးမှ ပျော်ရွှင်မှုဆုံးခန်းတိုင် ရရှိမည်။ · သည်းခံခြင်းသည် အရည်အချင်းတရပ်ဖြစ်၏။ သည်းခံမှု လွန်ကဲလျှင် စွမ်းရည်မဲ့ရာကြ၏။ · ရန်ပြေစေပြီး မိတ်တွေဖြစ်အောင် လုပ်နိုင်ခြင်းသည် ပညာရှိ၏ အမြင့်ဆုံးနည်း ပရိယာယ်တည်း။ ဆိုးသွမ်းသူများကို ဖယ်ရှားနှိမ်နှင်းနိုင်ခြင်းသည် တာဝန်ကို အမြင့်ဆုံး စွမ်းအောင်နိုင်ခြင်းတည်း။ • သူတပါးကို သိဖို့ လွယ်၏။ ကိုယ့်ကိုယ်ကိုယ် သိဖို့ ခက်ခဲ့၏။ ကိုယ်ကောင်းဖို့ စဉ်းစားရလွယ်၏။ သူကောင်းဖို့  စဉ်းစားရခက်၏။ • လူ “ အိုခြင်း ” “ မအိုခြင်း ” သည် အတွေးခေါ်ပေါ်တည်၏။ အတွေးအခေါ် “ အိုမင်း ” လျှင်အရာရာ ရပ်တံ့ပြီတည်း။ ။
တိန်းတီ တရုတ်စာပေပညာရှင်ကြီး
............................................................................................................
အနိစ္စတရား
ကရိယာကို ကရိယာဖြင့်တိုင်းတာ၍ သေချာသော အဖြေကို မရရှိနှိုင်။ ကရိယာ ကို ကရိယာဖြင့် တိုင်းတာရန် ကြိုးစားတိုင်း ထို ကရိယာများသည် ရွေ့ လျားလျှက်ရှိနေသောကြောင့် ဖြစ်သည်။ ဟိုင်ဇင်ဘတ် ၎င်း အယူအဆသည် ယနေ့ သိပ္ပံနယ်ပယ်မှာ နောက်ဆုံးတွေ့ ရှိထားသော မသေချာခြင်း နိယာမပင် ဖြစ်သည်။ ၎င်း အယူအဆသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၄၀ လောက် ကတည်းက မြတ်ဗုဒ္ဓက ဟောကြားထားရစ်ခဲ့တော်မူပါသည်။ အနိစ္စ၊ အနိစ္စ၊ အနိစ္စ... တရားတော်ပင်ဖြစ်ပါသည်။ ၎င်း ထက်ပို၍ နက်ရှိုင်းသည်မှာ စိတ်ကို စိတ်ဖြင့် တိုင်းတာ၍ သေချာသော အဖြေကို မရရှိနိုင်၊ စိတ်ကို စိတ်ဖြင့် တိကျစွာ သိနိုင်မည် မဟုတ်။ စိတ်ကို သိချင်လျှင် စိတ်ထက်အလွန်မြင့်သောအရာကို တည်ဆောက်ရမည်။ ၎င်း အရာသည် “ ညဏ် ” ပင်ဖြစ်ပါသည်။ ထို “ ဥာဏ် ” ကို မြတ်ဗုဒ္ဓ သာသနာထဲမှာပင် ရှာဖွေနိုင်ပါသည်။ မြတ်ဗုဒ္ဓ သာသနာ၏ အပြင်ဘက်မှာ လုံးဝ မတွေ့ ရှိနိုင်ပါ။ ရွှေလင်းယုန် (သာယာဝတီ)
..............................................................................................................
လူသားတို့ ရဲ့အမှား
“ လောကမှာ ကိုယ်နဲ့  မတူလို့ ဘယ်လောက်ပဲ မှန်မှန်၊ လက်မခံဘူးဆိုတဲ့ သူလောက်ခေါင်းမာတာ မရှိဘူး။ အဲသည် အမှားသည် လူသားတို့ အမှားရဲ့ အမြစ်ဖြစ်တယ်။ ” (မက်စ်ဝမ်း)
“ အကြင်မသိသောသူသည် သိသူကိုလည်းမသိ၊ မသိသူကိုလည်း မသိ။ ” “ အကြင်သိသောသူသည် သိသူကိုလည်းသိ၍ မသိသူကိုလည်း သိ၏။ ” (အဝိဇ္ဇာနှင့် ဝိဇ္ဇာ) |
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||