![]() |
||||||||||||||||||||||||||||||||||
|
သို့  လင်းရောင်ခြည် အင်တာနက်ဝက်ဆိုဒ်ပေါ်မှာတင်ထားတဲ့ ရုပ်သံလွှင့် အစီအစဉ်တခုကို ကြည့်ရင်းကြက်သီးမွှေးညှင်းထလောက်အောင် အံသြဒေါသထွက်မိပါတယ်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သန်းစိန် လတ်ပွတ္တာမြို့ က မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေကို သွားရောက်တွေ့ ဆုံရာမှာ သူ့ ဘေးနားမှာရှိတဲ့ ဗိုလ်ချုပ်တဦးက “ ဒါဝန်ကြီးချုပ်ပဲ ” ခင်ဗျားတို့  ဧရာဝတီတိုင်းသားပဲလေဆိုပြီး ဒုက္ခသည်တွေကို တခုတ်တရ မိတ်ဆက်ပေးနေတယ်လေ။ အံသြမိတာက ကျနော်တို့ မြန်မာပြည်မှာ တိုင်းသိပြည်သိ ခေါင်းဆောင်ဆိုရင် ဘယ်ဒေသ၊ ဘယ်ဇာတိသားလဲဆိုတာ တနိုင်ငံလုံးက သိပါတယ်။ ဥပမာ- ဗိုလ်ချုပ်အောင်ဆန်းဆိုရင် နတ်မောက်က၊ ဝန်ကြီးချုပ်ဦးနုဆိုရင် ပန်းတနော်၊ စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းဆိုရင် ပေါက်ခေါင်းသား၊ ဗိုလ်နေဝင်းရဲ့ သားတပည့် ဗိုလ်သန်းရွှေဆိုရင် ကျောက်ဆည် စသဖြင့်ပေါ့။ ခုတော့ ငပုတော ဇာတိသား ဗိုလ်ချုပ်ကြီးသိန်းစိန်ကို တမြေတည်းနေ လတ်ပွတ္တာမြို့ ကလူတွေ တကယ်ပဲ မသိလို့  မိက်ဆက်ပေးနေတာလား။ ဒါမှ မဟုတ် ဝန်ကြီးချုပ်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြနေတာလား။ ဒေါသထွက်မိတာက မုန်တိုင်းဘေးကြောင့် မိသားစုဘဝတွေ ပျက်စီးပြိုကွဲပြီး ခိုကိုးရာမဲ့ ဒုက္ခရောက်နေလို့  ဝန်ကြီးချုပ်ရဲ့ ပြောင်လက်နေတဲ့  ရှုးဖိနပ်ကို အားကိုးတကြီး ဖက်တွယ်နေတဲ့ ဒဏ်ရာပလပွနဲ့  လက်တွေကိုမှ အားမနာ “ ကိုယ်သုံးမယ့် အိမ်သာကျင်း ကိုယ့်ဘာသာတူး” လို့ အမိန့်  ပေးနေတာကို မြင်တွေ့ ရလို့ ပါပဲ။ ကျနော့် အမြင်ပြောရရင် ဒါဟာ အဓမ္မလုပ်အားပေး စေခိုင်းမှုပဲ။ ဒီလုပ်ရပ်ထဲမှာရှိတဲ့ မြန်မာဒုက္ခသည် စခန်းတွေမှာ ဒါမျိုးမရှိဘူး။ နိုင်ငံတကာလူသားချင်း ထောက်ထားစနာမှု အကူအညီ အောက်မှာ လူကို လူလို ဆက်ဆံတယ်။ သနားဂရုဏာတရားရှိတယ်။ ဒါကြောင့် နိုင်ငံခြားသား ကျွမ်းကျင်သူ ကယ်ဆယ်ရေး လုပ်သားတွေ မြန်မာပြည်တွင်းဝင်ရောက်ခွင့် ရရေးတောင်းဆို နေတာဟာ ပြည်ပအားကိုးအမေကျော်ဒွေးတော်လွမ်းတာ မဟုတ်ဖူး။ ဒုက္ခသည်တွေရဲ့ အသက်ရှင် သန်ရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးအတွက် အမှန်တယ်လိုအပ်ချက် ဖြစ်နေလို့ ပါ။
ဘဝတူ ဒုက္ခသည်တဦး
သို့  လင်းရောင်ခြည် အင်တာနက်မဂ္ဂဇင်းတို့ အင်တာနက်ဂျာနယ်တို့ ၀က်ဆိုဒ်တွေကို ဘယ်မူ တွေနဲ့တည်ထောင်ရပါသလဲ၊ ဘယ်လိုအဆက်အသွယ်တွေနဲ့ ၀က်ဆိုဒ်ကို ၀ယ်ယူ နိုင်ပါသလဲ၊ ၀က်ဆိုဒ်ကိုဝယ်ယူဘို့ ဘယ်လိုဥပဒေတွေနဲ့ ကိုက်ညီရပါသလဲ၊ ကျေးဇူး ပြုပြီးရှင်းပြပေးပါ ခင်ဗျား။ တော်မီသောင်း (မဲဆောက်)
*ဟုတ်ကဲ့- ကိုတော်မီသောင်း ခင်ဗျား ၀က်ဆိုဒ်တည်ထောင်တဲ့နေရာမှာတော့ ကိုယ့်မူနဲ့ ကိုယ်သွားကြတာပါဘဲ၊ကိုယ့်မူ ဟာကောင်းတယ်၊ ဆိုးတယ်၊ အကျိုးယုတ်မယ်၊ အကျိုးရှိမယ်၊ အများအကျိုးလား ကိုယ့်အကျိုးလားဆိုတာကတော့ စာဖတ်သူများက ဆုံးဖြတ်ကြမှာပါ။ ၀က်ဆိုဒ်တည် ထောင်သူကတော့ ကိုယ့်သမိုင်းကိုယ်ရေးတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ စာဖတ်သူနဲ့ အများပြည်သူအတွက် အကျိုးရှိလေ ၀က်ဆိုဒ်ရဲ့ မူဝါဒကကောင်းလေပါဘဲလို့ ခံယူပါတယ်။ ၀က်ဆိုဒ်ကိုအလွယ်တကူဝယ်ယူနိုင်ပါတယ်၊ ၀က်ဆိုဒ်ကိုဝယ်ယူနိုင်တဲ့ ကုမ္မဏီတွေ ရဲ့ လိပ်စာတွေ၊ အီးမေးလ်တွေလည်း အလွယ်တကူတွေ့ ရှိနိုင်ပါတယ်၊ အင်တာနက်မှာ နေ့စဉ်ကြေငြာပေးနေပါတယ်။ ၀က်ဆိုဒ်ဝယ်ယူသုံးစွဲတာနဲ့ပါတ်သက်ပြီး လိုက်နာရမယ့် ဥပဒေတွေကိုလည်း အလွယ်တကူဖတ်ရှုလေ့လာနိုင်ပါတယ်။ ၀က်ဆိုဒ်နဲ့ပတ်သက်တဲ့ သင်တန်းတွေလည်း အများအပြားဖွင့်လှစ်ထားပါတယ် ခင်ဗျား ။ လင်းရောင်ခြည်
သို့  အယ်ဒီတာ ဝက်ဆိုဒ်အသစ်တခုထွက်လာလို့  ဝမ်းသာပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအခေါ်၊ ဘာသာရေး၊ အထွေထွေ ဗဟုသုတများ စုံစုံလင်လင် ဖတ်ချင်ပါတယ်။ စောင့်မျှော်လျှက်ပါ။ ကျော့မောင်မောင် (ကယ်လီဖိုးနီးယား) * ကြိုးစားပါ့မယ်၊ ကျေးဇူးတင်ပါတယ်။
သို့  လင်းရောင်ခြည် အင်တာနက်ဝက်ဆိုဒ်တွေ၊ ဘလော့ဒ်တွေ မှိုလိုပေါက်နေတဲ့အထဲထပ်ပြီး ထွက်လာပြန်ပြီလား။ စောမောင် (န.အ.ဖ) * များလေကောင်းလေပေါ့ဗျာ။ ကြိုက်ရာရွေးပြီးဖတ်ကြပေါ့။
သို့  တာတာ ရီစရာတွေ ဦးစားပေးပါလား၊ ဦးနှောက်စားစရာတွေ မဖတ်ချင်တော့ဘူး။ မောင်ထိုင်း (ထိုင်းနိုင်ငံ)
* တာတာလည်း ခင်ဗျားလိုပါဘဲ။
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||