မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 
                 “ ဖြိုးမောင်မောင်ဆီ ပို့ ပေးပါ ”

 အကိုလေးရေ

 ၂၀၀၆ခု၊အောက်တိုဘာလရှစ်ရက်နေ့ က မင်းတို့ လက်ပံတန်းဘူတာမှာ အဖမ်းခံရတဲ့ သတင်းကို ဦးလေးကျော်လာပြောလို့ အမေနဲတို့ တွေကြား ရတယ်။ မီးတိုင်ခွက်လေးထွန်းပြီး ထမင်းစားနေကြတဲ့ အမေရယ်၊ အမလေးရယ်၊ ငါရယ် တို့ ထမင်း ဆက်ပြီးမစားနိုင်ကြတော့ဘဲ အမေ့ပါးစပ်က “ဘုရား၊ဘုရားလို့ ဆိုပြီး ” အမေ့ပါးပေါ်မှာ မျက်ရည်တွေကျလာတယ်။ ခဏကြာမှ အမေကဆက်ပြောတယ် ဘာတတ်နိုင်မှာလဲကွယ် ဒို့ သူ့ နောက် ကိုလိုက်ကြရုံပဲရှိတော့တာ ပေါ့တဲ့။

 ဒါနဲ့ အမလေးနဲ့ ငါ လမ်းစရိတ်ရှာပြီး မင်းတို့ နောက်ကိုလိုက်ခဲ့ကြတယ်။ လက်ပံတန်းအချုပ်ကို ရောက်တော့  တာဝန်ကျ ရဲစခန်းမှူးက ဒီမှာမရှိ ဘူး၊ သာယာဝတီထောင်ကို ပို့ လိုက်ပြီလို့ ပြောတယ်။   သာယာဝတီထောင်ကို ရောက်တော့လည်း ဒီမှာမရှိဘူး၊ အင်းစိန်ထောင်ကို သွားပြီးစုံစမ်း ပါတဲ့။ ဒါနဲ့  အင်းစိန်ထောင်ကို ရောက်ပြန်တော့လည်း မင်းတို့ရောက်မလာ ပါဘူးလို့  ပြောပြန်တယ်။ အမလေးနဲ့ ငါ မိုးညိုနဲ့ ထိန်တော ရဲစခန်း တွေကို လိုက်ပြီးစုံစမ်းကြပြန်တယ်။ တပတ်လောက်ကြာ သွားတယ်။ မင်းတို့ ကိုစုံစမ်းလို့  မရခဲ့ဘူး။ ပါသွားတဲ့ငွေလေးကုန်လို့  ရွာပြန်ရောက်တော့ အမေ့ ကို အကြောင်းစုံရှင်းပြ ကြတာပေါ့။

 အမေကပြောတယ်၊ လူတယောက်လုံးကို ဖမ်းထားပြီးမှ ဘယ်မှာရှိတယ်ဆိုတာတောင်  အဲဒီ ရုံးတွေ၊ဂတ်တွေ၊ ထောင်တွေ က မပြောနှိုင်ကြ တော့ ဘူးလား။ “ ဘုရား၊ဘုရား ငါသားလေး လူ့ ပြည်မှာမှ ရှိပါသေးရဲ့လားတဲ့။ ” အဲဒီအချိန်ကစပြီး အမေဟာ အိပ်ရာထဲဘုန်းဘုန်းလဲတော့တာပါပဲကွာ။ အမေလေ မစားနှိုင်၊ မအိပ်နှိုင်နဲ့  ငါ့သားလေး ဖြိုးမောင်မောင်ဆီ ငါ့ကို ပို့ ပေးကြပါလို့ တတွတ်တွတ်ပြောနေတယ်.. အကိုလေးရေ။ ငါတို့ မိသားစု တွေ ဆွေမျိုးတွေ ဝိုင်းပြီးနှစ်သိမ့်အားပေးကြပါ သေးတယ်။ မင်းကို မတွေ့ တွေ့ အောင်စုံစမ်းပေးမယ်ပေါ့၊ဒါပေမယ့် အမေအငိုတိတ်အောင် တို့တွေ မလုပ်နှိုင်ကြတော့ဘူး။ မင်းတို့ အဖမ်းခံရပြီး ဆယ်နှစ်ရက်မြောက်မှာ အမေ သတိလစ်သွားတယ်။တို့ တွေ အမေ့ကိုထမ်းပြီး ဆေးရုံကို တင်ကြ တယ်။ ဆေးရုံမှာ အားဆေးတွေသွင်းလိုက်တော့ အမေသတိရလာတယ်။ အမေကလက်အုပ်ကလေးချီပြီး ဆုတောင်း နေတယ်။ အများ အကျိုး အတွက်ဆောင်ရွက်ခဲ့တဲ့ သားလေးဖြိုးမောင်မောင် တယောက် ဘေးမသီရန်မခဘဲ လူ့ ပြည်မှာ သက်ရှိထင်ရှားရှိနေပါစေတဲ့။ 

     အကိုလေးရေ အမေပြန်ပြီးကောင်းမလာတော့ဘူး။ မင်းနာမည်ကိုပဲ ခေါ်နေတယ်။ ပြီးတော့ ဖြိုးမောင်မောင်ဆီ ပို့ ပေးပါလို့  တတွတ်တွတ် ပြောနေရင်း အောက်တိုဘာလ ၂၃ ရက်နေ့ မှာ အမေဆုံးတယ်ကွာ။ ငါ့ စာကို ဆက်မရေးချင်တော့ဘူး။ အခုမင်းကို ငါ ပထမဆုံးထောင်ဝင်စာ လာတွေ့ နေပြီလေ မင်း ပထမဆုံးမေးမယ့်“ အမေနေကောင်းလား ” ဆိုတဲ့ မေးခွန်းကို ငါဖြေနှိုင်စွမ်းရှိဖို့  ကြိုးစားထားတယ်။ “အမေနေကောင်းပါတယ်လို့ ......” ဒါပေမယ့် တကယ်တမ်းမင်းနဲ့ တွေ့ တော့ မင်းက ငါထင်တဲ့ အတိုင်း အမေနေကောင်းလား ညီလေးတဲ့.... မေးလိုက်တယ်။ ငါ့ပါးစပ်က နေကောင်းပါတယ် လို့  မပြောလိုက်မီမှာဘဲ ငါ့မျက်လုံးက မျက်ရည်တွေကို ငါမထိမ်းနှိုင်တော့ဘူး အကိုလေးရာ ငါမထိမ်းနှိုင်တော့ဘူး.........

                                                                                                             ညီလေး- သက်မောင်မောင်

ရှစ်ဆယ်ရှစ်မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး အတွက် ပြည်သူလူထု၏ လတ်မှတ်များ ကောက်ခံခဲ့သဖြင့် တောင်ငူ ထောင်တွင် အကျဉ်းကျခံနေရသော ကိုဝင်းကို နှင့်  ကိုဖြိုးဇော်လတ် တို့ အတွက်….

 (ကွယ်လွန်သူ မိခင်ဒေါ်ရင်ရွှေ(၅၈)နှစ်က သားကြီးဖြိုးဇော်လတ်ကို ဖြိုးမောင်မောင် ဟုခေါ်ပါသည်။)

                                                                                                                   ရေသပြာ

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi