မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

မဆန်းသော်လည်း

                            ကြမ်းလှသည်

                                                  (ရေသပြာ)

ထောင်ဝင်စာဟေ့ -  အောင်သန်းချီ။

ထောင်ဝင်စာဟေ့-   ရေသပြာ----------ပြင်ထား ။

         တန်းစီး ကျွန်းသေတ္တာ၏ ကျယ်လောင်စူးရှသော အသံသည် ၂ တိုက်(ခေါ်) ကြိုးတိုက်ကြီးထဲတွင် ပြန့် နှံ့  သွားပါသည်။ ၁၉၉၀ ခုနှစ် ဇန်န၀ါရီလ၊ ပုဒ်မ ၅ည ၁၇/၂ ဖြင့် ပူပူနွေးနွေး ထောင်ကျခါစ၊ ဒီမိုကရေစီ တိုက်ပွဲမုန်တိုင်းကြီးပြင်းထန်နေချိန်။

         ကျွန်တော် ရေသပြာနဲ့ အတူ တခန်းတည်းနေရသော ထောက်ကျန့် မှ အမှုတွဲ အောင်သန်းချီ တို့  ထောင်ဝင်စာတွေ့ ရန် ကြိုတင်နိုးဆော် သံကိုကြားရသဖြင့် ရင်တွေ တဒိတ်ဒိတ်ခုန်နေကြသည်။ နှစ်ယောက်စလုံး ပထမဆုံးအကြိမ်ထောင်ဝင်စာတွေ့  ရမှာဖြစ်သည်။ မိမိတို့  အိမ်သားတွေ နှင့် မတွေ့ သည်မှာ ခြောက်လရှိသွားပြီ။ သူတို့  ဘာတွေ ဖြစ်နေကြပြီလဲ။ သိပ် သိချင်နေကြပါသည်။ ကျွန်တော်ရော အောင်သန်းချီပါ ကလေးတွေရှိပါသည်။ ကျွန်တော်က  လေးယောက်၊ သူကသုံးယောက်၊ ကျွန်တော်တို့ နှစ်ယောက်လုံး ဆင်းရဲပါသည်။ ကျွန်တော်က မိုးညိုမြို့ နယ်မှာ မူလတန်း ပြဆရာလေး အောင်သန်းချီက ထောက်ကျန့် မှာ ပန်းချီဆွဲပါသည်။ နိုင်ငံရေးလုပ်သူတွေ ဆင်းရဲတာဓမ္မတာပါ။  အခု ကျွန်တော်ရေးချင်တာက အောင်သန်းချီရဲ့ ထောင်ဝင်စာ တဒင်္ဂမြင်ကွင်းလေးပါ။

         အဲဒီနေ့ က တာဝန်ကျဝန်ထမ်းက ကျွန်တော်နဲ့  အောင်သန်းချီကို ခေါင်းစွပ်တွေ စွပ်ပေးပြီး ထောင် ဘူးဝ ထောင်ဝန်းစာခန်း ကိုခေါ်သွား ပါသည်။ ထောင်ဝင်စာခန်းထဲတွင် နိုင်ငံရေးအကျဉ်းသားများ သီးသန့် တွေ့ ရပါသည်။ ကျွန်တော်တို့  နှစ်ယောက်နှင့်အတူ အားလုံး လူနှစ်ဆယ်လောက်ရှိနေပါသည်။ ကျွန်တော်တို့ ရောက်ပြီး ငါးမိနစ်လောက်ကြာ တော့ ဂလိုင်သံ နှင့်အတူအပြင်မှ ထောင်ဝင်စာတွေ့ မည့် မိသားစုများ သုတ်သီးသုတ်ပြာနှင့် ၀င်လာကြသည်ကို တွေ့ နေရပါသည်။ သံဇကာနှင့် သံတိုင်၏နောက်မှာ ရပ်စောင့်နေကြ သော ကျွန်တော်တို့ ကို ကြည့်ပြီး သူတို့ တွေ့ ရမည့်သူများကို အမောတခေါရှာဖွေနေကြရင်း တွေ့ သွားတဲ့အခါ အားပါးတရ ပြောဆို ကြပါတော့သည်။ ကျွန်တော်လည်း ကျွန်တော့် ဇနီး နှင့် တွေ့ ရပြီး မေးရမည့်ကိစ္စတွေအားလုံး မေးလိုက် ပြောလိုက်နှင့် ရှိနေစဉ်မှာ ကျွန်တော့် ဘေးမှ ကိုအောင်သန်းချီတယောက်က လာတွေ့ မည့် သူ့မိသားစုကို စောင့်မျှော်နေသည်ကို ကျွန်တော်သတိထားမိပါသည်။

         ဟော - ရောက်လာပါပြီ ကလေးသုံးယောက် အကြီးဆုံး သမီးက ရှစ်နှစ်အရွယ်၊ အလတ်သားလေးက ခြောက်နှစ်နှင့် အငယ်ဆုံး သားလေးက လေးနှစ်..

         ကိုအောင်သန်းချီက ကပျာကယာမေးလိုက်သည်။ သမီးတို့အမေကော ကလေးသုံး ယောက်လုံးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေရွှဲနေပြီ။  ရှိုက်သံနဲ့အတူ အကြီးဆုံးသမီးလေးက ပြောပြနေပါသည်။  အမေလေ  အမေ... နောက်အိမ်ထောင်ပြုသွားပြီ ဖေဖေ၊ သမီးတို့ ကိုထား ခဲ့ပြီ။

ကျန်တဲ့ ကလေးနှစ်ယောက်က ညှိုးငယ်တဲ့၊ အားကိုးတဲ့ မျက်နှာလေးတွေနဲ့  ဖခင်ကိုကြည့် နေကြတယ်။

ကိုအောင်သန်းချီက- အခုသမီးတို့ ကို ဘယ်သူလိုက်ပို့ လဲ။

                        “ တောက ဘဘကြီး လိုက်ပို့ တယ်.. ဖေဖေ.. အခုဒီကပြန်ရင် သမီးတို့ မောင်နှမတွေ ဘဘကြီးနဲ့ တောကို လိုက်ပြီး နေရမယ်။ ဘဘကြီးလာခေါ်တာလေ။ ဘဘကြီးအပြင်မှာ ကျန်ခဲ့တယ်။ ”

                    ထောင်ဝင်စာ နှုတ်ဆတ်ခေါင်းလောင်းသံနှင့်အတူ သမီးတို့ သွားတော့မယ်ဖေဖေ လို့ ဆိုပြီး တယောက် လက်တယောက်ဆွဲပြီး သမင်လည်ပြန်အကြည့်ကလေးများနဲ့ အတူ ကလေးသုံး ယောက်ပြန် လည်ထွက်ခွါသွားကြပါပြီ။

         ကြေကွဲမှုနာကျဉ်းမှုများနဲ့ တုန်ရီနေသော ကိုအောင်သန်းချီ ကိုအားပေးနှစ်သိမ့်ရင်း ကျွန်တော်တို့  နှစ်ယောက် ကြိုးတိုက်ကြီးဆီသို့  ပြန်လည်လျှောက်လှမ်းခဲ့ကြရပါတော့ သည်။  

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi