![]() |
||||||||||||||||||||||||||||||||||
|
ကိုးဆယ်ဆသာ နှလုံးသားထဲက ပန်းတစ်ခင်း ရင်နင့်အောင်သင်းခဲ့ ………. လမင်းထက်လင်းလက် ကောင်းကင်ထက်မြင့်တဲ့ အမေ …………
ဒီလောက ကမ္ဘာမြေမှာ ရှိရှိသမျှ အဖိုးထိုက်ရတနာတွေနဲ့ ချိန်စက် အရာအားလုံးတို့ထက် အမေ့မေတ္တာ၊ စေတနာ ………. ထာဝရ ကိုးဆယ်ဆသာ …………
မောင်ယဉ်အောင် ကိုးဆယ်ဆသာ ဇာတ်ကားမှ ကူးယူဖော်ပြသည်။
..............................................................................................
အမေပြောတဲ့ အဖေ့အကြောင်း (၁) အဖေ့ဘဝမှာ အရက် နှစ်ခါတိတိသာ သောက်ခဲ့ဖူးတယ်တဲ့..... တခါက အိမ်ထောင်ဦးည နောက်တခါက သမီးဦးမွေးစ နှစ်ခါစလုံးမှာ ရန်ရှာဖို့ဝေးစွ အမေ့ရှေ့မှာလာ မျက်ရည်ကျ ဝမ်းသာအားရ အမေပြောပြောနေကျ..... (၂) အိမ်ထောင်ဦးည အရက်တခွက် သူ့ဘော်ဒါများရဲ့ ထိုးနှက်ချက် မူးလို့အပြီးမှာ အမေ့ခြေဖက် မျက်ရည်များနဲ့ တောင်းပန်ခဲ့ ကတိတွေထားတဲ့ တောင်းပန်ချက် နောက်တကြိမ်တခွက်နဲ့ ဝေးကွာခဲ့..... သမီးဦးမွေးတဲ့ ရက်နံနက် တောင်းတချက်ပြည့်သူ အဖေ့အတွက် ဆုဒဏ်ပေးရန် အမေ့ဥာဏ်သွက် မီးနေအတွင်းမှာ သောက်ရန်အရက် အလှမ်းကွာခဲ့ရှာ နောက်တခွက် သောက်လို့အပြိးမှာ မျက်ရည်နဲ့ ..... (၃) ဘဝနိဂုံး အဆုံးသာသတ်သွား မူးခြင်းအမှုကို မနှစ်သက်လို့လေပဲလား ကတိတရားကို လေးစားလို့လေပဲလား ဇနီး၊ သားသမီးများကို ချစ်လို့လေပဲလား ........ အဖေ့ဘဝမှာ အရက် နှစ်ခါတိတိသာ သောက်ခဲ့ဖူးတယ်တဲ့ ဝမ်းသာအားရ အမေပြောပြောပြခဲ့ဖူးတယ်။ ။ လူဗိုလ် ၆၊ ၅၊ ၀၆
.................................................................................................................
အတ္တကာကွယ်ရေး ရိုက်ချက်
၂၇ ၊ ၇ ၊ ဝ၇
............................................................................
ရှုမေးနီးယား ည (ဇေလတ်) ကမ္ဘာတဝှမ်း သန်းပေါင်းများစွာ လူသားငါတို့ အာဏာစက်ကွင်း အမှောင်တွင်းနက် အိပ်မက်ဆိုးရွား မနိုးကြားနိုင် မျက်ရည်ပြိုင်ဘိ နာကျည်းမိသည် သိပါလေစ၊ သူငယ်ချင်း။
မျက်စိကိုမှိတ် နားကိုပိတ်၍ နှုတ်ဆိတ်နေရ ဘဝများစွာ ကိုယ်ချင်းစာသိ ရှိုက်ငင်မိသည် သိပါလေစ၊ သူငယ်ချင်း။
ကမ္ဘာတဝှမ်း ယမ်းငွေ့တွေကြား လူသားမျိုးဖျက် ရှုမေးနီးယား ဘားမားကဆက် ပီကင်း၊ ကရင်မလင်၊ ပိုင်လင်းနဲ့ တိဗက်က လက်နက်မဲ့ ပြည်သူတွေရဲ့တိုက်ပွဲ အံခဲမုန်တီး မီးဟုန်းဟုန်းတောက် နောက်မဆုတ်ဘူး။
ပြည်သူအများ ပြည်သူ့အားနဲ့ ပြည့်တရားစီရင် အာဏာရှင်တွေဖြုတ်ချ ရှုမေးနီးယားမှာ ရခဲ့တဲ့ အလင်းရောင် သယ်ဆောင်လက်ကမ်း အနာဂတ်လမ်းတလျှောက် ထွန်းတောက်နေ၏၊ နိုးထကြည့်လော့ သိပါလေစ၊ သူငယ်ချင်း။ ။
အင်းစိန်ထောင် (၄) တိုက် ၁၉၈၉ ခု၊ ဒီဇင်ဘာလ (၂၅)ရက်၊ ရှုမေးနီးယားပြည်သူတို့၏ အောင်ပွဲသတင်းကို ကြားနာရင်း ကမ္ဘာတဝှမ်းလုံးမျ လက်နက်ကိုင် အုပ်ချုပ်သူ လူတန်းစားနှင့် လက်နက်မဲ့အအုပ်ချုပ်ခံ ပြည်သူတို့၏ တိုက်ပွဲအားလုံးကို ရည်ညွန်းဖွဲ့ဆိုသည်။
..................................................................................................................
“ဖွံ့ဖြိုးရှင်သန်အိုပုဂံ”
□ ဧရာရစ်ခွေ စီးဆင်းလေ၍ သောင်ကမ်းနှစ်ဖက် ပြည်ရွာဆက်ခဲ့ -------------။ □ ရှေ့ဖက်ကမ်းတည် လွင်ပြင်ဆီဝယ် ပေါက္ကံပြည်ကြီး စည်ပင်ဟီးခဲ့ -------------။ □ ဗုဒ္ဓသာဿနာ ရောင်ဝါထွန်းလင်း စေတီပုထိုး အမျိုးမျိုးနှင့် သန္ဓေစစ်မှန် ပြည်ပုဂံ----------------။ □ ပုဂံပြည်သား မြန်မာများလည်း သဒ္ဒါထက်သန် စေတနာမှန်ကြ--------------။ □ မင်းနဲ့ပြည်သူ တွဲလက်ကူ၍ စေတီပုထိုး အမျိုးမျိုးကို ဆောက်တည်ခဲ့ကြ ထိုကာလ--------------။ □ ယနေ့ပုဂံ ရှိနေဟန်ကား ပုဂံပြည်သား မြန်မာများ၏ ရှေးခေတ်အမွေ ဖြစ်ခဲ့ပေသည်------------။ □ မင်းနဲ့ပြည်သူ လွန်ကြည်ဖြူ၍ မြန်မာ့အမွေ ကမ္ဘာရှည်အောင် ဖွင့်လှစ်ဖေါ်ပြ ထိုကာလ-------------။ □ အိုဘယ့်ပုဂံ ပြည့်အားမာန်ကို မြန်မာ့စိတ်ဓါတ် အရပ်ရပ်ဖြင့် မင်းနဲ့ပြည်သူ ဆက်စပ်ယူမှ ပြည်ရွာဖွံ့ဖြိုး တိုင်းပြည်ကျိုးကို ဖြစ်ထွန်းနိုင်မည်ပါတကား------------။ သက်ထူးဇင်(အော်လီဆွန်း)
...........................................................................................................
ပျော်စရာ
စာပေဂီတလား စီးပွားရေးလား နိုင်ငံရေးလား ဒေါ်လာစားလား ဘော်ဒါစကားလား သေချာတာက------------- ပျော်ချင်တာပဲပေါ့။
ဆွေမျိုးတွေလား ဘာသာသာသနာလား ကုန်ဈေးနှုန်းလား လောင်စာဆီဈေးနှုန်းလား ငွေလဲနှုန်းအတက်အကျလား ဘတ်ဂျက်ငွေ အပြောင်းအလဲလား မီဒီယာ လောကလား ဘာလား ညာလား ပလီပလာ စကားတွေဇာချဲ့ စိုင်းထီးဆိုင်ကတော့ အပူအပင်မဲ့ ကလေးဘ၀တဲ့။ ။
သက်ထူးဇင် (အော်လီဆွန်း)
...............................................................................................
“ လွမ်းဝေလှိုင်စည် မြန်မာပြည် ” ▪ ကြည့်လေတိုင်း နှင်းတွေဖွေးဖွေးလှုပ် စည်းကမ်းရှိယာဉ်များက လူတွေနဲ့အလုပ်လုပ်။ ▪ အနောက်မှာတည် အရှေ့ဆီ ကုန်တွေပို့ နိုင်ငံတကာဝင့်ထယ်လို့ ပေါကြွယ်တဲ့ နိုင်ငံပေမို့။ ▪ နိုင်ငံစုံ ဒုက္ခနဲ့ ရောက်ခဲ့ကြလူတွေ ဘ၀အမောပြေ လူသားတန်ဖိုးနဲ့ ခံစားမှုအထွေထွေ ရခဲ့ကြပေပ။ ▪ မိမြန်ပြည်က သတင်းစုံသိရ ကြားသမျှ နားမချမ်းသာ ဘယ်တော့ကျမှ တို့ပြည်သူတွေ ဘဝအမော ပြေမှာလဲ။ ဖန်တရာတေ သံသရာရှည် ▪ မြန်မာပြည်မှာတော့ ဗိုလ်တကာ့ ဗိုလ်ထိပ်ခေါင် မိုက်ဇာတ်တွေဆောင် လွမ်းမိုးတွေဝေအောင် လုပ်ရက်ကြပါပေ့။ ▪ နိုင်ငံစုံ ဖိအားပေးမှ ဗိုလ်ချုပ်နဲ့ဆွေမျိုးတွေ ကျပ်ရိုက်လို့နေ မြန်ပြည်သူတွေမှာက ဘ၀တွေ မွန်းကျပ် တိုင်းပြည်ကတော့ အလွမ်းဇာတ်။ ။
သက်ထူးဇင်(အော်လီဆွန်း)
........................................................................................
လွပ်လပ်တဲ့ ဒီမိုကရေစီ
٭ လစ်ဘရယ်ဆိုတာ “ လက်တင် ” က ဆင်းသက် လီဘာ (Liber) အမည်ဆက်နဲ့  လွတ်လပ်ခြင်းနဲ့  (Free) လို့ အဓိပ္ပါယ်ထွက်ပါသတဲ့။
* လစ်ဘရယ်ဆိုတာ “ လောက ” ကို အသိမှတ်ပြုခြင်းတဲ့။ သင်……….. စွမ်းရည်ရှိသလောက် မိုးထိထောင်တက် အမှောင်ဘက်လှည့်စရာမလို ဥပဒေဆိုတာ ရှိတယ်။
٭ ချမ်းသာလို့ ဆိုပြီး “ ဘူဇာ ” အမည်တပ် အထပ်ထပ်ကာရန် ထောင်နံရံမှာ စံစရာမလို…… အဖန်တရာမငိုရ ဥပဒေဆိုတာ ရှိပါတယ်။
٭ လွတ်လပ်စွာတွေး………. လွတ်လပ်စွာရေး လွတ်လပ်စွာကိုးကွယ်………. လွတ်လပ်စွာစည်းရုံး လွတ်လပ်စွာဖေါ်ထုတ် လူသရုပ်ပီသခြင်းက လစ်ဘရယ် ဝါဒ ။
٭ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ ဆိုတာ လစ်ဘရယ်မှာသာရှိတယ် သင်တို့ ပြောနေတဲ့ စစ်မှန်တဲ့……… ဖက်ဒရယ် လစ်ဘရယ်မှာသာရှိတယ်…. လူ့ အခွင့်ရေးနဲ့  ဒီမိုကရေစီ ဆိုတာ လစ်ဘရယ်မှာသာ ရှိတာပါ။
٭ လစ်ဘရယ်ဒီမိုကရေစီ ဆိုတာ လွတ်လပ်တဲ့ ဒီမိုကရေစီ ပြည်သူ့ ဒီမိုကရေစီအမည်ခံ…… ကွန်မြူနစ်ဝါဒမဟုတ် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီအမည်ခံ…… စစ်ဝါဒမဟုတ် တရုတ်လည်း……. လစ်ဘရယ် သုံးတယ် အမေရိကန်ဆိုတာ…….. ဟိုက်ပါ.. ပါဝါ လစ်ဘရယ်ပါ။
٭ မလွတ်မလပ်ဝါဒကြောင့် မွဲစဉ်ပြာကျ…… ခဝါချရတာလဲ သင်တို့ အသိ…… ရင်ဘတ်ထိ။
٭ ချမ်းသာတဲ့ နိုင်ငံလိုလို လစ်ဘရယ်ကို ဗဟိုပြုတယ် စုစည်းတဲ့ ဗဟိုချက် အာဏာ လစ်ဘရယ်မှာ မရှိ အာဏာကို စုကိုခြင်းသာ အာဏာရှင်တွေပါ…. အဲဒါ….. မလွတ်မလပ် ဒီမိုကရေစီမှာသာရှိတယ် ကိုယ့်အားကိုယ်ကိုး ပြည်တွင်းအား…. ပြည်တွင်းမှာသာရှိ အသိစိတ်….. အပြင်ယံ ဟုတ်မှန်သလို ရှိသား…. စဉ်းစားအားနဲ့ ကြည့်တော့ လူကြီးမင်း ……. ပတ်ထားတဲ့ နာရီ ပြည်တွင်းဆီကများ လာပါသလား ကွန်ပြူတာ….. အင်တာနက်….. လျှပ်စစ်မီး….. မော်တော်ကား ဘယ်ကများ လာပါလိမ့်…… ကိုယ့်လူမျိုးများ ……… တီထွင်ထား ပြည်တွင်းအားများလား ပြည်တွင်းအား ……… ပြည်တွင်းအားနဲ့  (ပြည်သူခမျာတော့) မရှိခြင်းတရားတွေနဲ့  သာလုံးလည် အပြုံးပျယ်ရတာလဲ များပါပြီ မလိုတော့ …….. ကိုယ့်အားကိုယ့်ကိုး လိုတော့ …….. သူ့ များအားကိုး အမျိုးမျိုးပဲ ……. ပြောတတ်ရဲ့ ဆိုးလှတဲ့ ……. ခမျာတွေမှာ… ကွန်မြူနစ်ဆိုတာက တမှောင့် - ဒီမိုကရေစီဗန်းပြ….. စကားအလှတွေနဲ့  တန်ဆာဆင် အာဏာရှင်ကို အသက်ပြန်သွင်း ခပ်ပြင်းပြင်း … လေသံနဲ့  ခြေကန်ကာ … ဟစ်ကြွေးလိုက်တာက “ ပစ္စည်းမဲ့တော်လှန်ရေး ……... အောင်ရမည်တဲ့ ” တို့ ပြည်သူတွေတော်လှန်တာ ပစ္စည်းမဲ့ဖို့ ……. မဟုတ် တို့ ပြည်သူတွေ….. သေကြေတာ ပစ္စည်းမဲ့ဖို့ …….. မဟုတ် တို့ ပြည်သူတွေ …….. ထောင်တွေမှာ ပစ္စည်းမဲ့ဖို့  ……. မဟုတ် မဲ့တာ မှန်သမျှ ………. မကောင်းဘက်က အသိမဲ့ …… အတွေးမဲ့ ……. ငိုမဲ့မဲ့ …… ပစ္စည်းမဲ့ မဲ့……… မဲ့…………. မဲ့ တို့ လိုချင်တာ ……… ဘာမှမမဲ့ “ စွမ်းအားရှိသလောက်လုပ် ………. လိုသလောက်သုံးစွဲ ” ငမွဲဝါဒ ………………. တစ်ခါ အသဲလာဆွ ပြန်တာလား …. အာဏာရှင်ကို ……… မကြိုက်လို့ တော်လှန် အာဏာရှင်ကို ပြန်အသက်သွင်း ဒီ တသက်……. ထမင်းရော ဝ ပါ့မလား …… ပစ္စည်းမဲ့ဖို့ …….. သေကြတာမဟုတ် ပစ္စည်းရှိဖို့ ကွ ……… လို့ သာအော်လိုက်ချင်ရဲ့ ……
٭ နာဂစ်မှာ ရွာတွေ နစ်ကြတော့ သူတို့  (ကွန်မြူနစ်) ဘိုးအေတွေ ဘယ်လေနေကြပါလိမ့်။ နာဂစ်ဆိုတာ ……… အရင်းရှင်စနစ်ရဲ့ ဖိနှိပ်တဲ့ လုပ်ရပ် မဟုတ်မဟတ်ကြံ …….. လှည့်ခြင်ပြန်ပလား ငတ်နေတဲ့ ………. ကွန်မြူနစ်နိုင်ငံတွေမှာ အစာဆိုတာ ……… သူတို့ အတွက်တောင် မလုံလောက် အိုးမှောက် …. ဗိုက်မှောက် …. ဘဝတွေပျောက်ကြ ချမ်းသာကြတော့ ……… လစ်ဘရယ်နိုင်ငံ အမေရိကန် …. ဂျပန် ဥရောပတလွှား … တောင်ကိုရီးယား ပေးဖို့ ကမ်းလှမ်း …. မေးမြန်းစရာမလို လူတွေကို မေးကြည့်စမ်းပါ… ချမ်းသာတာကို ကြိုက်သလား? ဆင်းရဲတာကို ကြိုက်သလား? န.အ.ဖ နဲ့  ကွန်မြူနစ် အသံညံပါလိမ့်မယ် ကိုလိုနီလက်သစ် ….. အရင်းရှင်စနစ်ဆိုး အပြစ်အမျိုးမျိုးနဲ့  တံဆိပ်ခပ် ကျပ်မပြည့်တဲ့ အတွေးအခေါ်တစ်ထွာ အာဏာဆိုတာ ….. သေနတ်ပြောင်းဝမှာတဲ့ အဆုံးမတော့…….. ဆင်းရဲတာသာ …….. ချာပါရော့ ။
٭ လစ်ဘရယ်နိုင်ငံမှန်သမျှ ချမ်းသာကြလော့ စစ်အာဏာရှင်နဲ့  ကွန်မြူနစ် နိုင်ငံမှန်သမျှ ဆင်းရဲကြလော့….. လို့  တန်းခိုးရှင်က …… ဖန်ဆင်းလေရော့လား …….
န.အ.ဖ နဲ့  ကွန်မြူနစ်ဆိုတာ လူသာမတည့် …… မူ မှာ ဒဲ့ ပါ ကွန်မြူနစ်ဆိုတာ ……… တို့  ကွန်မြူနစ်ပါလို့  …….. ဘယ်တော့မှ မလာ ဒီမိုကရေစီသာ ………. အရောင်ဆိုး တိုးလို့ ရမဲ့ ……. အပေါက်က ….. တိုးဝင် အဆိုးမြင် ……… ကိုယ်စီနဲ့  “ ပြည်သူ့ ဒီမိုကရေစီ ………. တို့  ဒီမိုကရေစီတဲ့ ” ကြားရ အသံ …… နားဝင်ပီယံမှာ ဟုတ်မှန်သလိုတော့ ရှိသား ….. ကလား ပြည်သူများ ………. စဉ်းစားကြပါ ကမ္ဘာမှာ အောင်မြင်နေတာ လွတ်လပ်တဲ့ ဒီမိုကရေစီ (လစ်ဘရယ်ဒီမိုကရေစီ) ပါ မလွတ်လပ်တဲ့ ……. ပြည်သူ့  ဒီမိုကရေစီ ……... ကွန်မြူနစ်ဝါဒ မဟုတ် ငုတ်တုတ်မေ့သွားမယ့်… ဒီမိုကရေစီဆိုတိုင်း ……. ရမ်းမယုံနဲ့  ဟစ်တလာလဲ ……… ဒီမိုကရေစီ ပဲ မားကို့ စ်လဲ ……….. ဒီမိုကရေစီ ပဲ ဦးနေဝင်းလဲ ………. ဒီမိုကရေစီ ပဲ ချမ်းသာတိုင်းပြည် ……. ဒီမိုကရေစီ ဖြစ်ဖို့  လစ်ဘရယ်ဝါဒနဲ့  ပေါင်းကြစို့  လွတ်လပ်စွာ လူပီသဖို့  လစ်ဘရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ကြပါစို့ ။ ။
(မိုးကြိုးသွား)
**ယခင်ကဗျာများသို့**
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||