မူလစာမျက်နှာ
မြန်မာသတင်း

ကမ္ဘာသတင်း

ဆောင်းပါး

အတွေး ကဏ္ဍ

စွဲမှတ်ဖွယ်ရာ
ပဲ့တင်သံ
တမျက်နှာဝတ္ထုတို
ပေးစာပြန်စာ
ကဗျာ
ရွှင်ပြုံးဖွယ်
ဗေဒင်နှင့်ကံကြမ္မာ
ကာတွန်း

ဖျော်ဖြေရေး

ရွှေ စာမျက်နှာများ

ရွှေ ဘလော့ဂ်များ

 
 

 

 

 
 

ဆက်သွယ်ရန်

lin.yaungchi@yahoo.com

 
 
 
 

ကမ္ဘာပြားပြီ    

ကမ္ဘာပြားပြီ

အာတိတ်နဲ့  အန္တာတိတ်လား

ခေါက်တုံ့ လူးလာ နာရီမခြား

တခုန်တကား ဥဒဟိုသွား

လူတွေလှုပ်ရှားလည်ပတ်နေကြပြီ

ကမ္ဘာပြားပြီ

စင်္ကြာဝဠာဟိုမှာဘက်ကို

အင်တာနက်ဆို စွမ်းအင်စွမ်းဖြင့်

လမ်းထွင်လျှောက်သွား မောက်ကြွားပျော်ဖို့ 

လူတွေကြိုးစား အောင်မြင်ခဲ့ကြပြီ

ကမ္ဘာပြားပြီ

ဘုံကမ္ဘာအတွေးစိတ်ကူး

ထူးပြီးမလာ အရူးကြီးပမာ

ရူးပြီးသာကျန် ဥာဏ်မဲ့သူများ

လူတွေသနား နားလည်နေကြပြီ

ကမ္ဘာပြားပြီ

အိုင်စတိုင်းရဲ့သီဝရီအမှား

ဘုရားသခင်ကြွေမကစား

ခေါင်းမာဂိုဏ်းသား လက်ခံထားတာ

လူတွေစဉ်းစား ရယ်မောနေကြပြီ၊

အို ကမ္ဘာလုံးသူ အူတူတူတို့ 

ဝိဇ္ဖာမကူ သံချေးထူလျှက်

ဂရောက်ဂယက် ဦးနှောက်ပျက်အား

ကုစားဖို့ ရန် အချိန်တန်ပြီ

ဒါမှ ကမ္ဘာပြားပေါ်ရောက်မည်တည်း။       ။

                                                  

                                                        နော်ဝေးနေ၀င်း

 

Home |  Current News Letter |  Humour |  Poem  |  Onepage novel |  Thought  |  Impression  | Contact Us |   Top

Suggestions & Comments: linyaungchi