![]() |
||||||||||||||||||||||||||||||||||
|
မုန်တိုင်းခံ နှလုံးသား
မှိုင်းမှုန်ရီအုံ့ ကာဆိုင်းပါလို့  တိုင်းတုန်သည် ဒုက္ခဝိုင်းပါပေါ့ ရိုင်းကုန်ပြီ နှုတ်က လှိုင်းရုံနဲ့  သိုင်းခြုံမည် ဟုတ်စွတိုင်းကိုတော့ တွေးလို့ ပူပန် ထွေးလို့ ကူပြန်စကားတွေနဲ့  ကြွေးဖို့ မူဟန် ကြားပေမယ့် ပေးစို့ လှူရန်များကို တဲ့ နှေးဖို့ လူမဆန်တားကာ ရမ်းပါဘိ
မှန်းကာကြည့် လတာပြင် ရွာအဝင်က ဓနိတန်း မရှိတော့မှန်း သိပေမင့် စိတ်လေလွင့် ရှာဖွေ ဗျာကြွေသည့် နှလုံး ရွာအခြေထိ ဆုံးပေါ့ ကုန်းမော့လို့ အတန်တန် အဖန်ဖန် ဟစ်ငိုကြွေး သွားလေသူ အနှစ်အထွေးတို့ ရေ ကျန်ရစ်သူတွေးစိတ်နဲ့ ဆွေး။
(နာဂစ်မုန်တိုင်းခံ ဒုက္ခသည်များအတွက်) ရေသပြာ
|
|||||||||||||||||||||||||||||||||
|
Home | Current News | Letter | Humour | Poem | Onepage novel | Thought | Impression | Contact Us | Top |
||||||||||||||||||||||||||||||||||
|
Suggestions & Comments: linyaungchi |
||||||||||||||||||||||||||||||||||